သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရ ဖြုတ်ပစ်တဲ့ ဝန်ထမ်းတွေ ပြန်ခန့်ဖို့ တရားသူကြီး အမိန့်ထုတ်


အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်၊ လွှတ်တော် အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - VOA Burmese
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်၊ လွှတ်တော် အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - VOA Burmese

သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အလုပ်သမား အင်အားလျှော့ချ ရေး အစီစဉ်တစိတ်တပိုင်းအဖြစ် မကြာသေးခင်ကမှ အစိုးရအေဂျင်စီ ၆ ခုကနေ အလုပ်ဖြုတ်ခံခဲ့ရသူ ထောင်ပေါင်းများစွာကို အလုပ်ပြန်ခန့်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ် ပြည်ထောင်စု တရားသူကြီး တဦးက ကြာသပတေးနေ့မှာ အမိန့်ချခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ပြန်စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ စွမ်းအင်ဌာန၊ ပြည်ထဲရေးနဲ့ ဘဏ္ဍာရေးဌာန တွေက အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေကို ပြန်ခန့်ဖို့ ဆန်ဖရန်စစ္စကို တရားရုံးကြားနာပွဲမှာ ပြည်ထောင်စုတရားသူကြီး William Alsup က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး Alsup ဟာ ပြီးခဲ့တဲ့ လတုန်းက ကိုယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုရုံး OPM ရဲ့ ဗဟို အစိုးရ၊ လူသားအရင်းအမြစ် ဌာနတွေမှာ အစမ်းခန့်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်တာကို ယာယီရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဒါပေမယ့် ဘယ်အချိန်မှာ အလုပ် ပြန်ခန့်ရမယ် ဆိုတာတော့ ပြောမထားပါဘူး။

ဒီအစမ်းခန့် လုပ်သားတွေဟာ လုပ်သက် ၁ နှစ် မပြည့်ကြသေးပေမယ့် အရေးပါတဲ့ ကဏ္ဍမှာ လုပ်ဆောင်နေကြတာ ဖြစ်သလို တချို့ကတော့ အစိုးရဝန်ထမ်း လုပ်သက်ရင့်သူတွေ ဖြစ်ပါတယ်။

တရားသူကြီး Alsup ကတော့ OPM မှာ အလုပ်ဖြုတ်ပိုင်ခွင့် မရှိသလို ဒီ ဌာန ၆ ခုမှာ အလုပ်သမားတွေကို အလုပ်ဖြုတ်ပစ်တဲ့ နေရာမှာ မှန်ကန်စွာ ညွှန်ကြားမှု မရှိကြောင်း အထောက်ထား တွေ့ရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ အလုပ်သမား သမဂ္ဂတွေနဲ့ အကျိုးမြတ်မဲ့အဖွဲ့တွေက တင်သွင်းတဲ့ လျှောက်လဲချက် အတွက်တော့ တရားသူကြီး Alsup က အမိန့်ထုတ်ပြန်တာ မရှိပါဘူး။

Forum

XS
SM
MD
LG