(Zawgyi/Unicode)
ကွမ်ကျိုးလေဆိပ်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ လေယာဉ်ပေါ်မှာ အသက် ၆၀ ဝန်းကျင်ရှိ သံသယလူနာ တယာက်တွေ့ရှိတာကြောင့် ဝေဘာဂီကူးစက်ရောဂါကု ဆေးရုံကို ပို့ဆောင် စစ်ဆေးနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
“သံသယလူနာကို ကျမတို့အနေနဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီးတော့ လိုအပ်တဲ့ကုသမှုကို ရရှိဖို့အတွက် ဆောင်ရွက်နေသလိုပဲ ကျမတို့ National Health Laboratory စေ့စပ်ညှိနှိုင်းပြီးတော့ ဒီလူနာဆီက ဓာတ်ခွဲနမူနာတွေကို ရယူဖို့အတွက် ဆောင်ရွက်နေပါတယ်။ အဲဒီ ဓာတ်ခွဲနမူနာရယူပြီးတဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ National Institute of Health ကို ဓာတ်ခွဲနမူနာ ပေးပို့ပြီးတော့ အတည်ပြုချက် ရယူမှာပါ။”
မြန်မာပြည်တွင်း Corona ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် ဆောင်ရွက်နေသည့် သတင်းဓါတ်ပုံများ
1/16
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုနောက်ဆုံး သေဆုံးသူ ၂၁၃ ယောက်ထက်မနည်း ရှိနေပြီး ကူးစက်မှုပေါင်း တသောင်းနီးပါးအထိ ရှိသွားပါပြီ။မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးတာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ်။
အသေးစိတ် ဖတ်ရှုရန်
Show less
2/16

3/16

4/16

5/16

6/16

7/16

8/16

9/16

10/16

11/16

12/16
Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တစ်ဦး ဝေဘာဂီဆေးရုံပို့

13/16

14/16

15/16

16/16

Previous slide
Next slide
လေယာဉ်နဲ့ပါလာသူ တခြားခရီးသည်တွေကိုတော့ ခရီးသွားအချက်အလက်နဲ့ ကျန်းမာရေးအချက်အလက်တွေအပြင် လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းနှစ်ပတ်ကြာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဒေါ်ခင်ခင်ကြီးကပြောပါတယ်။
[Unicode Version]