သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ဆိုင်ရာ သတင်းမှားတွေ တားဆီးဖို့ Twitter စည်းကမ်းထုတ်


Twitter လူမှုကွန်ယက် logo
Twitter လူမှုကွန်ယက် logo

(Zawgyi/Unicode)

Coronavirus ပိုးနဲ့ ပတ်သက်လို့ သတင်းမှားဖြန့်တာတွေကို တားဆီးနိုင်ဖို့ Twitter လူမှုကွန်ယက် ကုမ္ပဏီကြီးက Twitter သုံးသူတွေအတွက် စည်းကမ်းချက်သစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ရောဂါပိုးနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ ရှင်းပြချက်၊ အကြံပြုချက်တွေကို ငြင်းဆန်တဲ့ ဖော်ပြမှုတွေ၊ COVID-19 ရောဂါပျောက်ကင်းတယ်လို့ဆိုပြီး ပြောနေတဲ့ သတင်းမှားတွေ၊ လိမ်ညာပြောဆိုမှုတွေ၊ ရောဂါပိုးကာကွယ်ရေးနဲ့ ပတ်သက်လို့ ထိရောက်မှု မရှိတဲ့နည်းတွေ၊ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတဲ့ နည်းမှားတွေကို Twitter မှာတင်ရင် တင်သူတွေက အဲဒီ Post ကို ပြန်ဖျက်ရမယ်ဖို့ Twitter ကုမ္ပဏီက ပြောပါတယ်။

COVID-19 ရောဂါကူးစက်နိုင်ဖို့ အန္တရာယ်များတဲ့ Tweet တွေကို တားမြစ်မယ့် စည်းကမ်းသစ်တွေကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG