(Zawgyi/Unicode)
မကၠစီကုိႏုိင္ငံ ေျမာက္ပုိင္းမွာ ၿခံဳခုိတုိက္ခုိက္မႈေၾကာင့္ ကေလး ၆ ဦးနဲ႔ အမ်ဳိးသမီး ၃ ဦး ထက္မနည္း ေသဆုံးသြားေၾကာင္း မကၠစီကုိ ထိပ္တန္း လုံၿခံဳေရးအရာရွိ တဦးနဲ႔ မိသားစု၀င္ေတြက ေျပာဆုိလုိက္ၾကပါတယ္။
ေသဆုံးသူေတြဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြတုန္းက နယ္စပ္ေဒသမွာ အေမရိကန္ ႏုိင္ငံသားေတြ ျဖစ္ၾကတဲ့ LeBaron မိသားစု စတင္ထူေထာင္ခဲ့ၾကတဲ့ Mormom ဘာသာေရး အသုိင္းအ၀န္းက ျဖစ္ေၾကာင္းလည္း မကၠစီကုိ လုံၿခံဳေရး၀န္ႀကီး Alfonso Durazo နဲ႔ သက္ဆုိင္ရာ မိသားစုေဆြမ်ဳိးေတြက အတည္ျပဳခဲ့ၾကတာပါ။
Chihuahua နဲ႔ Sonora ျပည္နယ္ေတြၾကား ကား ၃ စင္းနဲ႔ ခရီးသြားစဥ္ တုိက္ခုိက္ခံခဲ့ရတာ ျဖစ္ေၾကာင္းလည္း မိသားစု၀င္ေတြက ေျပာပါတယ္။
မကၠစီကုိ လုံၿခံဳေရး၀န္ႀကီးကလည္း ေသဆုံးသူေတြ ကားနဲ႔ခရီးသြားေနစဥ္ တုိက္ခုိက္ခံခဲ့ရၿပီး ရာဇ၀တ္ဂုိဏ္းအခ်င္းခ်င္းၾကား မွားယြင္းၿပီး ပစ္ခတ္မိတာ ျဖစ္ႏုိင္ေၾကာင္း ေျပာဆုိခဲ့တာပါ။
ကေလးတေယာက္ ေပ်ာက္ဆုံးေနဆဲ ျဖစ္တဲ့အတြက္ ရဲနဲ႔ စစ္တပ္က လုိက္လံ ရွာေဖြေနေၾကာင္းလည္း ေျပာပါတယ္။ အမ်ားျပည္သူၾကား တုန္လႈပ္ရတဲ့အထိ အၾကမ္းဖက္ သတ္ျဖတ္မႈေတြ ႀကံဳရေလ့ရွိတဲ့ မကၠစီကုိ ႏုိင္ငံမွာ အရပ္သားေတြ အစုလုိက္အၿပံဳလုိက္ တုိက္ခုိက္ခံခဲ့ရတဲ့ ေနာက္ဆုံး ျဖစ္ရပ္တခုလည္း ျဖစ္ပါတယ္။
အေမရိကန္သမၼတ Donald Trump ကေတာ့ လက္နက္ကုိင္ မူးယစ္ေဆး၀ါး ဂုိဏ္းေတြကုိ ႏွိမ္နင္းဖုိ႔ မကၠစီကုိသမၼတ Andres Manuel Lopez Obrador ကုိ ထပ္မံ ဖိအားေပးေျပာဆုိခဲ့တာပါ။
မေကာင္းဆုိး၀ါးေတြကုိ ရွင္းလင္းဖယ္ရွားဖုိ႔ မကၠစီကုိႏုိင္ငံ အေနနဲ႔ အကူအညီလုိတယ္ဆုိရင္ ေပးဖုိ႔ အသင့္ရွိေၾကာင္းလည္း Twitter လူမႈကြန္ရက္ကေန ေျပာဆုိခဲ့ပါတယ္။
[Unicode Version]
မက္ကစီကိုနိုင်ငံ မြောက်ပိုင်းမှာ ခြုံခိုတိုက်ခိုက်မှုကြောင့် ကလေး ၆ ဦးနဲ့ အမျိုးသမီး ၃ ဦး ထက်မနည်း သေဆုံးသွားကြောင်း မက္ကစီကို ထိပ်တန်း လုံခြုံရေးအရာရှိတဦးနဲ့ မိသားစုဝင်တွေက ပြောဆိုလိုက်ကြပါတယ်။
သေဆုံးသူတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက နယ်စပ်ဒေသမှာ အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြတဲ့ LeBaron မိသားစု စတင်ထူထောင်ခဲ့ကြတဲ့ Mormom ဘာသာရေး အသိုင်းအဝန်းက ဖြစ်ကြောင်းလည်း မက္ကစီကို လုံခြုံရေးဝန်ကြီး Alfonso Durazo နဲ့ သက်ဆိုင်ရာ မိသားစုဆွေမျိုးတွေက အတည်ပြုခဲ့ကြတာပါ။
Chihuahua နဲ့ Sonora ပြည်နယ်တွေကြား ကား ၃ စင်းနဲ့ ခရီးသွားစဉ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်းလည်း မိသားစုဝင်တွေက ပြောပါတယ်။
မက္ကစီကို လုံခြုံရေးဝန်ကြီးကလည်း သေဆုံးသူတွေ ကားနဲ့ခရီးသွားနေစဉ် တိုက်ခိုက်ခံခဲ့ရပြီး ရာဇဝတ်ဂိုဏ်းအချင်းချင်းကြား မှားယွင်းပြီး ပစ်ခတ်မိတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တာပါ။
ကလေးတယောက် ပျောက်ဆုံးနေဆဲ ဖြစ်တဲ့အတွက် ရဲနဲ့ စစ်တပ်က လိုက်လံ ရှာဖွေနေကြောင်းလည်း ပြောပါတယ်။ အများပြည်သူကြား တုန်လှုပ်ရတဲ့အထိ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကြုံရလေ့ရှိတဲ့ မက္ကစီကို နိုင်ငံမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် တိုက်ခိုက်ခံခဲ့ရတဲ့ နောက်ဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ကတော့ လက်နက်ကိုင် မူးယစ်ဆေးဝါး ဂိုဏ်းတွေကို နှိမ်နင်းဖို့ မက္ကစီကိုသမ္မတ Andres Manuel Lopez Obrador ကို ထပ်မံ ဖိအားပေးပြောဆိုခဲ့တာပါ။
မကောင်းဆိုးဝါးတွေကို ရှင်းလင်းဖယ်ရှားဖို့ မက္ကစီကိုနိုင်ငံ အနေနဲ့ အကူအညီလိုတယ်ဆိုရင် ပေးဖို့ အသင့်ရှိကြောင်းလည်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။