သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်မက္ကဆီကို နယ်စပ်တံတိုင်းဆောက်ဖို့ငွေ တရားရုံးချုပ်ခွင့်ပြု


အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် (မတ်၊ ၀၂၊ ၂၀၁၉)
အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် (မတ်၊ ၀၂၊ ၂၀၁၉)

အမေရိကန် နဲ့ မက္ကဆီကို နှစ် နိုင်ငံ နယ်စပ်ကို တံတိုင်းဆောက်လုပ်ဖို့အတွက် ကုန်ကျမယ့် ဒေါ်လာဘီလျံပေါင်းများစွာကို သမ္မတအနေနဲ့ အသုံးပြုဖို့အတွက် အမေရိကန်တရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။

အမေရိကန်တရားရုံးချုပ် တရားသူကြီး ကိုး ယောက်ဆုံးဖြတ်တာမှာ ၅ ယောက်က ထောက်ခံခဲ့ပြီးတော့ သမ္မတထရမ့်ကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တရားရုံးချုပ်က သောကြာနေ့က အခုလို အမိန့်ချလိုက်တာကြောင့် အောက်တရားရုံးတွေရဲ့ အမိန့်ကို ပယ်ဖျက်ပြီး သမ္မတထရမ့်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ် ၃.၅ ဘီလျံကို အသုံးပြုခွင့်ရသွားမှာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ မက္ကဆီကို နှစ် နိုင်ငံ နယ်စပ်ကို တံတိုင်းဆောက်လုပ်သွားမယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက သမ္မတထရမ့်က ကတိပေးခဲ့တာဖြစ်ပါတယ်။

သမ္မတထရမ့်ကတော့ ဒါဟာ နယ်စပ်လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ တွစ်တာကနေ ရေးပါတယ်။

အမေရိကန်နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (ACLU) ရဲ့ ရှေ့နေ Dror Ladin ကတာ့ သမ္မတထရမ့်အနေနဲ့ စစ်အသုံးစရိတ်တွေကို လွှတ်တော်က မထောက်ခံတဲ့ နယ်စပ်လုံခြုံရေးအတွက် အသုံးပြုခွင့်ရသွားမယ်ဆိုရင်တော့ နယ်စပ်အသိုင်းအဝိုင်း ပတ်ဝန်းကျင် နဲ့ အာဏာခွဲဝေရေးအတွက် ဖွ့ဲ့စည်းပုံကပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို ထိခိုက်စေမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG