သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတိုင်းဆောက်ရေး တရားရုံးတားမြစ်ချက် သမ္မတ Trump အယူခံဝင်မည်


အမေရိကန် သမ္မတ Donald Trump (ဇွန်၊ ၂၉၊ ၂၀၁၉)
အမေရိကန် သမ္မတ Donald Trump (ဇွန်၊ ၂၉၊ ၂၀၁၉)

မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်ချက် အနေနဲ့ အမေရိကန် တောင်ပိုင်း မက္ကဆီကိုနဲ့ နယ်စပ်မှာ ဒေါ်လာ ၂.၅ ဘီလျံ အသုံးပြုပြီး အစိုးရက တံတိုင်း တည်ဆောက်မယ့် အပေါ် တရားသူကြီး တဦးက တားမြစ်မိန့်ချလိုက်တာကို အယူခံဝင်မယ်လို့ သမ္မတ Donald Trump က စနေနေ့မှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အယူခံဝင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပြီး အယူခံ အနိုင်ရမယ်လို့ ထင်ကြောင်း သမ္မတ Trump က ဂျပန်နိုင်ငံ အိုဆာကာက G 20 ခေါင်းဆောင်များ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မဖြစ်လာစရာ အကြောင်းမရှိဘူးလို့လည်း သမ္မတ Trump က ပြောပါတယ်။ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်ဖို့ သမ္မတ Trump က ကြိုးစားနေတာ ဖြစ်ပြီး အခုအချိန်ထိတော့ လွှတ်တော်ရဲ့ အတည်ပြုချက်လည်း မရသေးပါဘူး။

တခြားရည်ရွယ်ချက်နဲ့ အသုံးပြုဖို့ လွှတ်တော်က ချထားပေးတဲ့ ရံပုံငွေ ဒေါ်လာ ၆.၇ ဘီလျံထဲကနေ တံတိုင်းဆောက်တာမှာ အသုံးပြုနိုင်ရေး အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ သမ္မတ Trump အစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။

ဒီနယ်စပ်တံတိုင်း တည်ဆောက်ရေးကိုတော့ အဖွဲ့အစည်းတွေ၊ နောက် ကယ်လီဖိုးနီးယား ပြည်နယ် အပါအဝင် ပြည်နယ်တွေက သဘောမတူကြပါဘူး။

ကာကွယ်ရေး ဝန်ကြီးဌာန ရံပုံငွေကို မူးယစ်တိုက်ဖျက်ရေး ရည်ရွယ် အသုံးပြုတာ ဥပဒေနဲ့ မညီဘူးလို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကယ်လီဖိုးနီးယား ပြည်နယ် Oakland က စီရင်စုခုံရုံး တရားသူကြီး Haywood Gilliam က စီရင်ချက် ချခဲ့တာပါ။

တံတိုင်းဆောက်ရေး တရားရုံးတားမြစ်ချက် သမ္မတ Trump အယူခံဝင်မည်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG