သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်ဆိုင်းထားတဲ့ ကန်အစိုးရ ယန္တရား ယာယီပြန်ဖွင့်


ကန်အစိုးရယန္တရား ရပ်ဆိုင်းမှု အဆုံးသတ်ရေး ကြေညာနေတဲ့ သမ္မတဒေါ်နယ်ထရမ့်
ကန်အစိုးရယန္တရား ရပ်ဆိုင်းမှု အဆုံးသတ်ရေး ကြေညာနေတဲ့ သမ္မတဒေါ်နယ်ထရမ့်

အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်း တစိတ်တပိုင်း ရပ်ဆိုင်းထားရမှုကို ဆုံးခန်းတိုင်စေဖို့အတွက် ရက်သတ္တ (၃) ပတ်စာ အသုံးစရိတ် ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ ကန့်ကွက်မဲမရှိ အတည်ပြု လိုက်ပါပြီ။

နယ်စပ်လုံခြုံရေးအတွက် အသုံးစရိတ် ညှိနှိုင်းနေတဲ့အချိန်မှာ တစိတ်တပိုင်းပိတ်ထားရတဲ့ လုပ်ငန်းတွေကို ၃ ပတ်ကြာ ပြန်ဖွင့်မယ့်အကြောင်း သမ္မတ Trump ကလည်း အိမ်ဖြူတော်မှာ ကြေညာခဲ့တာပါ။ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တို့ဟာ ပါတီချင်း စိတ်ဝမ်းကွဲမှုကို ဘေးဖယ်ထားပြီး အမေရိကန်ပြည်သူတွေအကျိုးကို ရှေ့တန်းတင်လိုက်ကြပြီဆိုတာ တွေ့ရမယ်၊ ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက် အကျိုးဖြစ်ထွန်းအောင် အတူတကွ လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း ဖြစ်တယ်လို့ အိမ်ဖြူတော် Rose Garden မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတထရမ့် သောကြာနေ့က ကြေညာသွားတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ထိ အစိုးရအသုံးစရိတ် ခွင့်ပြုမယ့် ဒီဥပဒေကြမ်းထဲမှာ ထရမ့်အဆိုပြုထားတဲ့ အမေရိကန်-မက္ကဆီကို တံတိုင်း ကာရံရေးအတွက် ကုန်ကျမယ့်ငွေကြေး မပါဝင်ပါဘူး။ တချိန်တည်းမှာပဲ နယ်စပ်လုံခြုံရေးကို သုံးသပ်ဆန်းစစ်ဖို့ ပါတီနှစ်ခုလုံး ပါဝင်တဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းမယ်လို့လည်း ဆိုပါတယ်။ အစိုးရဝန်ထမ်း (၈)သိန်းကျော်တို့ (၃၅)ရက်ကြာ လစာမဲ့ အလုပ်လုပ်ခဲ့ရပြီးနောက် အခုလိုကြေညာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကြောင့် ရပ်ဆိုင်းထားရတဲ့ အစိုးရလုပ်ငန်းတွေကို (၃)ပတ်ကြာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပေမယ့် အဲဒီနောက်ပိုင်း ဘာဖြစ်လာမလဲ ဆိုတာကတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG