သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ တစိတ်တပိုင်းပိတ်မှု ၃၁ ရက် စံချိန်တင်


ဇန်နဝါရီ ၁၀ ရက်နေ့တုန်းက ကန်အစိုးရ တစိတ်တပိုင်းပိတ်မှုကို ဆန္ဒပြသူများ
ဇန်နဝါရီ ၁၀ ရက်နေ့တုန်းက ကန်အစိုးရ တစိတ်တပိုင်းပိတ်မှုကို ဆန္ဒပြသူများ

အမေရိကန်အစိုးရ ယန္တရား တစိတ်တပိုင်း ပိတ်ထားချိန်အတွင်း လုပ်ခမရပဲ အလုပ်လုပ်နေရတဲ့ သိန်းနဲ့ချီတဲ့ အရပ်ဖက် အစိုးရဝန်ထမ်းတွေ ဟာ ကြီးမြတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပေမယ့် ရက်ပေါင်း ၃၁ ရက်ကြာ စံချိန်သစ်တင်ခဲ့တဲ့ အစိုးရယန္တရား လေးပုံတပုံ ရပ်ဆိုင်းထားရမှု အဆုံးသတ်ဖို့တော့ အဲဒီနေ့မှာ ဘာမှလုပ်ဆောင်တာ မရှိခဲ့ပါဘူး။

သမ္မတ Trump က အမေရိကန်နဲ့ မက်ဆီကိုကြား နယ်စပ်တံတိုင်းကာရံဖို့ သူ့တွစ်တာကနေ ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုခင်းတွေ၊ လူသားချင်းစာနာမှု ဆိုင်ရာ လိုအပ်မှုတွေ ရှိနေတဲ့ နယ်စပ်ဒေသက ပြန်လည်ပြုပြင်ရေးနဲ့လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် အားလုံး အတူလက်တွဲလုပ်ဆောင်ရမှာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

အစိုးရယန္တရား တစိတ်တပိုင်း ရပ်ဆိုင်းထားရတဲ့ အတွက် အစိုးရဝန်ထမ်း ၈ သိန်းလောက် ထိခိုက်နစ်နာခဲ့ပြီး အမှုထမ်း ထက်ဝက်ကျော်ကတော့ လစာမရပဲ အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။

စနေ တနင်္ဂနွေ သီတင်းပတ်အကုန်မှာ သမ္မတ Trump က ရပ်နားထားရတဲ့ အစိုးရယန္တရား ပြန်လည်ပတ်နိုင်ရေးအတွက် ဒီမိုကရက်လွှတ်တော်အမတ်တွေကို ကမ်းလှမ်းမှု လုပ်ခဲ့ပြီး တရားမဝင် လာရောက်မှုတွေကို တားဆီးဖို့ သူတည်ဆောက်ချင်တဲ့ တံတိုင်းအတွက် အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံကို ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒီလို တံတိုင်းတည်ဆောက်ဖို့အတွက် ဒီမိုကရက်တွေ တောင်းဆိုနေတဲ့ အမေရိကန်ကို အရွယ်မရောက်ခင်ထဲက မိဘတွေနဲ့အတူ တရားမဝင်ရောက်လာတဲ့ သိန်းနဲ့ချီတဲ့သူတွေကို ၃ နှစ်နေရပ်ပြန်မပို့ဘဲ အကာအကွယ်ပေးထားမယ့် အစီအစဉ်အပြင် လက်တင်အမေရိက နိုင်ငံတွေကနေ အကြမ်းဖက်မှု၊ သဘာဝဘေးဒဏ်တို့ကြောင့် အမေရိကန်ကို ထွက်ပြေးခိုလှုံလာသူတွေကို အကာအကွယ် ပေးထားတဲ့သက်တမ်းတိုးပေးမယ့် အစီအစဉ်တွေကို သမ္မတကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG