သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရလုပ်ငန်းတွေ ပြန်ဖွင့်ရေးအဆို အထက်လွှတ်တော် မဲခွဲမည်


အမေရိကန်ပြည်ထောင်စုမှာ ရပ်ဆိုင်းထားရတဲ့ အစိုးရလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ရည်ရွယ်တဲ့ ဥပဒေကြမ်း ၂ ခုကို ဒီကနေ့ အထက်လွှတ်တော်မှာ မဲခွဲဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဒီဥပဒေကြမ်း ၂ ခုလုံး အတည်ပြုထောက်ခံမှုရဖို့ အခြေအနေ နည်းပါးပါတယ်။

Republican တွေဖက်က တင်ပြတဲ့ ဥပဒေကြမ်းမှာ ကျန်တဲ့ဘဏ္ဍာနှစ် တခုလုံးအတွက် အစိုးရအသုံးစရိတ်အပြင်၊ သမ္မတ Donald Trump တောင်းဆိုနေတဲ့ တံတိုင်းကာစရိတ် ဒေါ်လာ ၅.၇ ဘီလျံနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်မှုတွေ ပါဝင်ပါတယ်။

Democrat တွေဖက်က အဆိုပြုထားတဲ့ ဥပဒေကြမ်းမှာတော့ ဖေဖော်ဝါရီ လ ၈ ရက်နေ့အထိ အစိုးရအသုံးစရိတ်ပေးဖို့ပါပေမဲ့ သမ္မတတောင်းဆိုနေတဲ့ တံတိုင်းကာစရိတ်မပါဝင်ပါဘူး။

ပါးနပ် ထိရောက်တဲ့ နယ်စပ်လုံခြုံရေး ရှိသင့်တယ်ဆိုတာ Democrat အမတ်တွေက ထောက်ခံပေမဲ့ အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ လစာတွေကို ရွေးကောက်ပွဲကတိကြောင့် တစားခံလုပ်ထားတာကိုတော့ လက်မခံဘူးလို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားခဲ့ပါတယ်။

အစိုးရလုပ်ငန်းတွေ ပြန်ဖွင့်ရေးအဆို အထက်လွှတ်တော် မဲခွဲမည်
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG