သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရပြန်ဖွင့်နိုင်ရေး Trump ကမ်းလှမ်းချက် Pelosi ပယ်ချ


 Nancy Pelosi
Nancy Pelosi

အမေရိကန် - မက်ဆီကိုနယ်စပ်တလျှောက် တံတိုင်းကာရံဖို့ သမ္မတ Donald Trump က ခေါင်းမာမာနဲ့ တောင်းဆိုနေချိန်မှာပဲ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်ထားမှုတွေကို ယာယီခွင့်ပေးပြီး တံတိုင်းအတွက် ရန်ပုံငွေ ချထားပေးရေး သမ္မတရဲ့ အဆိုပြုချက်ကို ဒီမိုကရက်အမတ်တွေက ပယ်ချလိုက်တာကြောင့် ပိတ်ထားရတာ ၂ လထဲ ဝင်လာပြီဖြစ်တဲ့ အစိုးရယန္တရားတစိတ်တပိုင်း ကိုပြန်ဖွင့်ဖို့ လမ်းမမြင်ရသေးပါဘူး။

ကျနော်တို့ နိုင်ငံမှာ တံတိုင်းမရှိဘူးဆိုရင် နယ်စပ် ဒါမှမဟုတ် အမျိုးသား လုံခြုံရေးလည်း ဘယ်တော့မှရှိမှာ မဟုတ်ဖူးလို့ သမ္မတ Trump က အင်္ဂါနေ့မှာ သူ့တွစ်တာမှာ ရေးပါတယ်။ ခိုင်ခန့်တဲ့ တံတိုင်း ဒါမှမဟုတ် သံမဏိ တံတိုင်းရှိမယ် ဆိုရင် ရာဇဝတ်မှုခင်းတွေ၊ မူးယစ်ဆေး မှုခင်းတွေကလည်း အမေရိကန်တလွှား သိသိသာသာ ကျဆင်းသွားမယ် ဆိုတာကို ဒီမိုကရက်တွေ သိပေမယ့် နိုင်ငံရေးကစားဖို့ လုပ်ချင်နေကြတယ်လို့ လည်းပြောပါတယ်။ နောက်ဆုံးမှာတော့ အမှန်အတိုင်း ဖြစ်စေရမှာဖြစ်ပြီး ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဖူးလို့လည်း တွစ်တာမှာ ရေးပါတယ်။

လွှတ်တော်မှာတော့ အထက်လွှတ်တော်အများစုအမတ်များခေါင်းဆောင် ဖြစ်တဲ့ Kentucky ပြည်နယ်ရီပတ်ဘလစ်ကင်အမတ် Mitch McConnell က သမ္မတ Trump အဆိုပြုထားတဲ့ စာမျက်နှာ ၁၂၀၀ ပါတဲ့ မူကြမ်းကို ရီပတ်ဘလစ်ကင်တွေ ဘက်က တင်သွင်းခဲ့ပြီး ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အထက်လွှတ်တော်မှာလည်း ဒီမိုကရက်တွေ တင်သွင်းတဲ့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အထိ အစိုးရ အသုံးစားရိတ်မူကြမ်းကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီမူကြမ်း ၂ ခုစလုံးအတွက် ပါတီကြီး ၂ ရပ်စလုံးရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။

ကန်အစိုးရပြန်ဖွင့်နိုင်ရေး Trump ကမ်းလှမ်းချက် Pelosi ပယ်ချ
please wait

No media source currently available

0:00 0:03:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG