သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ ယန္တရားရပ်ဆိုင်းမှု အဆုံးမသတ်နိုင်သေး


အမေရိကန်အစိုးရယန္တရား တချို့ရပ်ဆိုင်းနေတာမနေ့ကအထိဆိုရင် ၃၄ရက်ကြာလာခဲ့ပါပြီ။ အခုချိန်ထိအလုပ်တွေပြန် လည်ပတ်နိုင်မယ့်အခြေအနေတွေမမြင်ရသေးပါဘူး။

သမ္မတဒေါ်နလ်ထရမ့်တောင်းဆိုနေတဲ့ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်အကြား တံတိုင်းကာရံရေး အစိုးရအသုံးစရိတ်ရရှိရေးနဲ့ အစိုးရလုပ်ငန်းတွေပြန်စနိုင်ရေး အဆိုပြုချက်၂ရပ်ကို မနေ့တုန်းက အထက်လွှတ်တော်မှာတပြိုင်နက်တင်သွင်းခဲ့ကြပေမဲ့လည်း အတည်ပြုနိုင်မယ့် လုံလောက်တဲ့ထောက်ခံ မဲတွေ မရရှိခဲ့ပါဘူး။

ကာလတိုအသုံးစရိတ်ချမှတ်နိုင်မယ့်အဆိုပြုချက်ကိုအတည်ပြုနိုင်ရေး သမ္မတထရမ့်နဲ့ တယ်လီဖုန်း ကတဆင့်ညှိနှိုင်းခဲ့ကြောင်း ရီပါဘလစ်ကန်ပါတီအထက်လွှတ်တော်အမတ် Lindsey Graham ကပြောပါတယ်။ ဒါပေမဲ့ လည်း အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ဆယ်ရာဆန်းဒါးစ်ကတော့ သမ္မတထရမ့်တောင်းဆိုနေတဲ့ တံတိုင်းကာရံရေး အတွက် တောင်းခံထားတဲ့ငွေပမဏရဲ့တစိတ်တပိုင်းကိုပေးမယ်ဆိုရင်တောင်မှ အစိုးရယန္တရားတွေပြန်လည်ပတ်နိုင်ရေး က အချိန်သုံးပတ်စာပဲရမှာလို့ဆိုပါတယ်။

သမ္မတထရမ့်က တံတိုင်းကာရံရေးအစိုးရအသုံးစရိတ် ၅.၇ဘီလျှံချပေးဖို့ လွှတ်တော်ကို တောင်းဆိုထားတာပါ။ မနေ့က အထက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့တဲ့ အခါမှာတော့ သမ္မတတောင်းတဲ့ ငွေပမဏကိုချပေးဖို့ ကိစ္စ ကန့်ကွက်မဲ ၅၀ ထောက်ခံမဲ၄၇မဲနဲ့အရေးနိမ့်ခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် ၁၀၀ မဲပေး မှုမှာ အနည်းဆုံးထောက်ခံမဲ ၆၀ ရမှ ဒီအဆိုပြုချက်ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG