သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရယန္တရား ပြန်ဖွင့်ရေး အလှမ်းဝေးသေး


အမေရိကန်နဲ့ မက်ဆီကိုကြား နယ်စပ်တံတိုင်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွါးမှုတွေ ဆက်ပြီး ဖြစ်နေတဲ့အတွက် အစိုးရယန္တရား တစိတ်တပိုင်း ရပ်နားထားရတာ သီတင်း ၅ ပတ်ထဲ ဝင်လာတော့မှာ ဖြစ်ပေမယ့် ကြာသပတေးနေ့အထိ အမေရိကန်သမ္မတ Donald Trump နဲ့ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi တို့ကြား အပြန်အလှန် အပြစ်တွေ တင်နေကြဆဲ ဖြစ်ပါတယ်။

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က ဒီမိုကရက်အမတ်အများအပြားက သဘောတူညီမှု ရအောင် လုပ်ချင်နေပေမယ့် လွှတ်တော်ဥက္ကဌ Pelosi ကတော့ သူတို့ကို ညှိနှိုင်းခွင့် မပေးဘူးလို့ သမ္မတ Trump က ကာကွယ်ရေးဌာနမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီမိုကရက်အမတ်တွေ အနေနဲ့ တိုင်းပြည်အတွက် မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့ ရှေ့ကိုလှမ်းလာမယ်လို့ သူမျှော်လင့်ကြောင်းနဲ့ နိုင်ငံအတွက် မှန်ကန်တဲ့အရာက နယ်စပ်လုံခြုံရေးကို အခိုင်မာဆုံး အဆင့်ဖြစ်အောင် လုပ်ဖို့ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီမိုကရက်တွေကလည်း အစိုးရယန္တရားပြန်ဖွင့်တာနဲ့ နယ်စပ်လုံခြုံရေးကို ပိုထိရောက်အောင် လုပ်ဖို့ သူတို့ဘက်က ညှိနှိုင်းမှုတွေ ခိုင်ခိုင်မာမာ လုပ်ဆောင်မှာ ဖြစ်ကြောင်း ဒါပေမယ့် နယ်စပ်တံတိုင်းကာရံမှုဟာ ထိရောက်မှုမရှိပဲ အလဟဿဖြုန်းတာမျိုးဖြစ်သလို အမေရိကန်တွေရဲ့ ပုံရိပ်လည်း ထိခိုက်စေတယ်လို့ ပြောပါတယ်။

ထိပ်တန်း ဒီမိုကရက်ပါတီဝင် လွှတ်တော်ဥက္ကဌ Nancy Pelosi ကတော့ သမ္မတ Trump ရဲ့ နယ်စပ်တံတိုင်းဟာ ဇိမ်ခံပစ္စည်းလို အပိုဖြစ်နေပြီး ဒီ့အတွက် ငွေကုန်ကြေးကျ မခံနိုင် ဘူးလို့ ပြောပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သမ္မတ Trump ပြောကြားဖို့ရှိတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းကိုလည်း ရက်ရွှေ့ဆိုင်းဖို့ Nancy Pelosi က ပြောနေတာပါ။

ကန်အစိုးရယန္တရားပြန်ဖွင့်ရေး အလှမ်းဝေးသေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG