သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ နိုင်ငံတော်အရေးပေါ်အမိန့် ဗီတို ပယ်ချရေး အောက်လွှတ်တော် အရေးရှုံးနိမ့်


အမေရိကန် သမ္မတ Donald Trump ရဲ့ နိုင်ငံ တောင်ပိုင်း နယ်စပ်မှာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာချက်ကို ပယ်ဖျက်နိုင်ရေး အောက်လွှတ်တော်မှာ အင်္ဂါနေ့က မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ ဒီမိုကရက် ကြီးစိုးတဲ့ အောက်လွှတ်တော်မှာ သမ္မတရဲ့ ဗီတိုအာဏာကို ဖျက်သိမ်းရေး မဲခွဲမှုမှာ ထောက်ခံမဲ ၂၄၈ မဲ၊ ကန့်ကွက်မဲ ၁၈၁ မဲ ရရှိခဲ့ပေမယ့်လို့လည်း အများစု ထောက်ခံမှု သုံးပုံနှစ်ပုံ ပြည့်ဖို့ အတွက် ထောက်ခံမဲ ၃၈ မဲ လိုအပ်ခဲ့တာပါ။

အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် တလျှောက် တံတိုင်း တည်ဆောက်ရေး အတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကို တခြား အစိုးရ စီမံကိန်းတွေထံကနေ လွှဲပြောင်းရယူနိုင်မယ့် နယ်စပ်လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲကြီး အဖြစ် ပြောဆိုပြီး နိုင်ငံတော် အရေးပေါ် အခြေအနေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သမ္မတ Trump က ကြေညာခဲ့တာပါ။

အခုလို မဲခွဲ ဆုံးဖြတ်ချက်ကြောင့် သမ္မတ Trump အနေနဲ့ နယ်စပ်တံတိုင်း တည်ဆောက်ရေးမှာ သုံးလိုတဲ့ ငွေကို ပြည်ထောင်စု ငွေစားရင်းတွေထဲကနေ ဆက်ပြီး ဆန်းစစ်ခွင့်ရသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတရဲ့ ဆောင်ရွက်ချက်ကို ပယ်ချထားတဲ့ ဥပဒေကြမ်းကိုတော့ ဒီမိုကရက် ကြီးစိုးတဲ့ အောက်လွှတ်တော်ဘက်ကရော ရီပတ်ပလီကန် ကြီးစိုးတဲ့ အထက်လွှတ်တော်ကရော အတည်ပြုထားတာပါ။ အများအပြားကတော့ အသုံးစာရိတ် ဆုံးဖြတ်ချက်တွေကို သမ္မတက ဆောင်ရွက်တာကို ပယ်ချပြီး လွှတ်တော်ကဘဲ ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုထားတာပါ။

အခု သမ္မတ Trump ရဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ အသုံးပြုမှုဟာဆိုရင် ၂၀၁၇ ခုနှစ် တာဝန်စယူချိန်ကစလို့ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ယာယီ ကာကွယ်ရေး ဝန်ကြီး Patrick Shanahan ကတော့ အမေရိကန် မက္ကဆီကို နယ်စပ် တလျှောက် တံတိုင်းတည်ဆောက်ရေး စတင်ဖို့ စစ်တပ်ရန်ပုံငွေထဲက ဒေါ်လာ သန်း ၁ ထောင်လောက်ကို စစ်တပ်က အသုံးပြုရေး ခွင့်ပြုနိုင်တယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG