သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တံတိုင်းဆောက်ရေး သမ္မတ Trump အရေးပေါ် ကြေညာမည် မဟုတ်


အမေရိကန်စံတော်ချိန် အင်္ဂါနေ့ ညမှာ သမ္မတအိမ်ဖြူ Oval ရုံးခန်းကနေ နိုင်ငံတော်ကို မိန့်ခွန်းပြောမယ့် သမ္မတ Donald Trump ရဲ့ မိန့်ခွန်းမူကြမ်းကို ဖတ်ခဲ့ရတဲ့ အိမ်ဖြူဝန်ထမ်း တဦးရဲ့ ပြောကြားချက်အရ သမ္မတ Trump ဟာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနယ်စပ် ဒေသတလျှောက် နိုင်ငံတော် အရေးပေါ်အခြေနေ ကြေညာမယ့် အလားလာ သိပ်မရှိဘူးလို့ သိရပါတယ်။

ဒုသမ္မတ Mike Pence က လူသားချင်းစာနာမှုနဲ့ အမျိုးသားလုံခြုံရေး ပြဿနာအဖြစ်ခေါ်ဆိုခဲ့တာကို အခြေတည်ပြီး သမ္မတ Trump ဟာ ဒီနယ်စပ်ဒေသမှာ နယ်စပ်တံတိုင်းခတ်ဖို့ ဘာကြောင့် လိုအပ်ကြောင်း ရှင်းပြဖို့ရှိတယ်လို့ ဒီအိမ်ဖြူအရာရှိက ပြောကြောင်း The Wall Street Journal သတင်းမှာ ဖေါ်ပြထားပါတယ်။

တကယ်လို့ သမ္မတက နိုင်ငံတော် အရေးပေါ် အခြေနေ ကြေညာခဲ့ရင်တော့ ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ယူစရာမလိုပဲ စစ်တပ် တည်ဆောက်ရေးစီမံကိန်းအတွက် ဖယ်ထားတဲ့ ရံပုံငွေနဲ့ တံတိုင်းတည်ဆောက် နိုင်မှာ ဖြစ်ပြီး ဒီလိုလုပ်လာမယ် ဆိုရင် အတိုက်အခံတွေက တရားရုံးမှာ စိန်ခေါ်မှုတွေ လုပ်လာနိုင်ပါတယ်။

အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi နဲ့ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer တို့က သမ္မတ Trump တောင်းခံနေတဲ့ နယ်စပ်တံတိုင်းတည်ဆောက်ဖို့ ရံပုံငွေ အမေရိကန် ဒေါ်လာ ၅ ဘီလျံကျော်ကို မပေးပဲ ငြင်းဆန်နေကြတာ ဖြစ်ပါတယ်။

သမ္မတ Trump မိန့်ခွန်းပြောကြားအပြီး ချက်ချင်းပဲ ဒီမိုကရက်တွေ ဘက်က တုန့်ပြန်မှုကို ကြားကြရမှာ ဖြစ်ပါတယ်။

သူတို့က သမ္မတ Trump ပြောကြားမယ့် မိန့်ခွန်းဟာ မုန်းတီးမှုတွေ၊ အချက်လက်မှားတွေနဲ့ ပြည့်နေမှာ ဖြစ်ကြောင်း ကြိုပြီး ပြောဆို နေကြတာပါ။ ဒီနယ်စပ်တံတိုင်း ရံပုံငွေ ချမပေးတာနဲ့ ပတ်သက်ပြီး အစိုးရယန္တရား တစိတ်တပိုင်းရပ်ဆိုင်းထားရတာ အခုဆိုရင် တတိယ သီတင်းပတ်ထဲ ရောက်လာ နေပြီဖြစ်ပါတယ်။ အစိုးရဝန်ထမ်း သိန်းနဲ့ချီပြီး လစာမရပဲ အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီ့အတွက် သမ္မတ Trumpက အတိုက်အခံ ဒီမိုကရက်တွေကို အပြစ်တင်သလို အတိုက်အခံတွေကလည်း သမ္မတကို အပြစ်တင်နေကြတာပါ။

နယ်စပ်တံတိုင်းဆောက်ရေး သမ္မတ Trump အရေးပေါ် ကြေညာမည် မဟုတ်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG