သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တံတိုင်းတည်ဆောက်ရေး အရေးပေါ်အခြေအနေကြေညာဖို့ Trump စဉ်းစား


မက္ကဆီကိုဘက်ခြမ်းကနေ တံတိုင်းကိုဖြတ်ပြီး အမေရိကန်ဘက်ကို လှမ်းမျှော်နေတဲ့ ကလေးငယ်တဦး (နိုဝင်ဘာ ၂၈၊ ၂၀၁၈)
မက္ကဆီကိုဘက်ခြမ်းကနေ တံတိုင်းကိုဖြတ်ပြီး အမေရိကန်ဘက်ကို လှမ်းမျှော်နေတဲ့ ကလေးငယ်တဦး (နိုဝင်ဘာ ၂၈၊ ၂၀၁၈)

Mexico နယ်စပ် တံတိုင်းတည်ဆောက်ရေးကို လွှတ်တော်အမတ်တွေနဲ့ဆွေးနွေးမှု အဆင် ပြေမယ့် အလားလာမရှိတဲ့အတွက် ဒီကိစ္စဆက်လုပ်နိုင်အောင် တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာဖို့ စဉ်းစားရလိမ့်မယ်လို့ သမ္မတ Donal Trump သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ဒီမိုကရက်တွေဟာ နယ်စပ်လုံခြုံရေးကို မလိုလားကြဘူး၊ နယ်စပ်တံတိုင်းတည်ဆောက် တာဟာ လူကျင့်ဝတ်နဲ့ မညီဘူးလို့ သူတို့ပြောနေကြတယ်လို့လည်း Donal Trump ကဆိုပါတယ်။

တံတိုင်းတည်ဆောက်ရေးအတွက် ရန်ပုံငွေရရှိရေး ပါတီနှစ်ရပ်အမတ်တွေအကြား ဆွေးနွေး နေတာဟာ အချိန် ဖြုန်းနေတာဟာ ဖြစ်တယ်လို့လည်း ကြာသပတေးနေ့ တုန်းက ပြောခဲ့ပါတယ်။

The New York Times နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာလည်း Congress လွှတ်တော်ရဲ့ အတည်ပြုချက်မပါဘဲ နယ်စပ်တံတိုင်းတည်ဆောက်နိုင်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ကောင်း ထုတ်ပြန်မယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီ နယ်စပ်လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ရက်သတ္တပတ် ၃ ပတ်အတွင်း သဘောတူညီမှုမရရင် သမ္မတ Trump က အစိုးရလုပ်ငန်းတွေကို ပြန်လည်ရပ်ဆိုင်းဖို့ ရှိနေပါတယ်။

နယ်စပ်တံတိုင်းတည်ဆောက်ရေး အရေးပေါ်အခြေအနေကြေညာဖို့ Trump စဉ်းစား
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG