သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာဖွယ်ရှိ


Trump border wall
Trump border wall

အမေရိကန်နဲ့ မက်ဆီကိုကြား နယ်စပ်တံတိုင်း တစိတ်တပိုင်း တည်ဆောက်ဖို့ လုပ်မယ့် ဥပဒေပြဌာန်းချက်ကို သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုတော့မှာ ဖြစ်ပေမယ့် တချိန်ထဲမှာပဲ တရားမဝင် ဝင်ရောက်သူတွေကို တားဆီးဖို့ တံတိုင်းဆက်ပြီး ဆောက် နိုင်အောင် နိုင်ငံတော် အရေးပေါ်အခြေနေတရပ်ကို ကြေညာဖို့ရှိကြောင်း သမ္မတ အိမ်ဖြူက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

သောကြာနေ့ ညသန်းခေါင်ယံရောက်ချိန်မှာ နောက်တခါ အစိုးရယန္တရား တစိတ်တပိုင်း ထပ်မပိတ်ဖို့ စာမျက်နှာ ၁၁၅၉ မျက်နှာပါ ဥပဒေမူကြမ်းကို သမ္မတ Trump လက်မှတ်ရေးထိုးဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်တုန်းက အစိုးရယန္တရား လေးပုံတပုံပိတ်ထား ခဲ့ရတာ သမိုင်းဝင်အဖြစ် ရက်ပေါင်း ၃၅ ရက်ကြာခဲ့တဲ့ အတွက် အစိုးရဝန်ထမ်း ၈ သိန်းလောက်ကို ထိခိုက်စေခဲ့တာပါ။

အခုဥပဒေမူကြမ်းက ကီလိုမီတာ ၃၂၀၀ ရှည်တဲ့ နယ်စပ်တလျှောက် ကီလိုမီတာ ၉၀ လောက်ရှည်တဲ့ တံတိုင်းတည်ဆောက်ဖို့ သမ္မတTrump ကို ရံပုံငွေ ၁. ၃၇၅ ဘီလျံချထားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ တောင်းဆိုထားတဲ့ ဒေါ်လာ ၅.ရ ဘီလျံ ရဲ့ လေးပုံတပုံတောင် မရှိပါဘူး။ ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေ သဘောတူညီခဲ့တဲ့ ဒီရံပုံငွေဟာ သူတောင်းဆိုတာထက် နဲနေတာကြောင့် သူသိပ် မပျော်ရွှင်တဲ့ အကြောင်း သမ္မတက ဒီသီတင်းပတ်ထဲမှာပဲ ပြောပါတယ်။

နိုင်ငံတော် အရေးပေါ် အခြေနေ ကြေညာတာဟာ တံတိုင်းတည်ဆောက်ရေးအတွက် လွှတ်တော်က အစိုးရရံပုံငွေ သုံးခွင့်မပြုတာကို ရှောင်ရှားနိုင်ဖို့ ကြိုးစားတဲ့ သမ္မတ Trump ရဲ့ အစီစဉ်ဖြစ်ပြီး ဒီလိုလုပ်တာဟာ အတိုက်အခံ ဒီမိုကရက်တွေနဲ့ တခြားအဖွဲ့အစည်း တွေက ဒါကို တရားဝင်မှု ရှိမရှိ စိန်ခေါ်ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒီလိုငြင်းခုံမှုတွေအတွက် တရားရုံးမှာ အချိန်အတော်ကြာ ဖြေရှင်းရနိုင်တာကြောင့် တံတိုင်း တည်ဆောက်ရေး အတွက် ကြန့်ကြာမှုလည်း ရှိလာနိုင်တာပါ။

သမ္မတ Trump ကတော့ အမေရိကန်နိုင်ငံထဲ အမေရိကတိုက် အလယ်ပိုင်းနိုင်ငံတွေက တရားမဝင် လာရောက်မှုတွေနဲ့ အတူ မူးယစ်ဆေးနဲ့ ရာဇဝတ်ကောင်တွေ မဝင်ရောက်စေဖို့ နယ်စပ်တံတိုင်းကာရံဖို့ လိုအပ်တယ်လို့ ပြောပြီး တံတိုင်းကာရံဖို့ ခိုင်ခိုင်မာမာ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာဖွယ်ရှိ
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG