သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ နှစ် ကန်အစိုးရ အသုံးစရိတ် ဒေါ်လာ ၄.၇ Trillion အိမ်ဖြူတော် ထုတ်ပြန်


အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန

လာမယ့်၂၀၂၀ ခုနှစ်အတွက် အစိုးရအသုံးစရိတ် ၄.၇ထြီလျှံဒေါ်လာ သုံးစွဲသွားမယ်၊ အဲဒီအထဲမှာ နယ်စပ်တံတိုင်း ကာရံဖို့ သမ္မတဒေါ်နလ်ထရမ့်က တောင်းဆိုထားတဲ့ ဒေါ်လာ ၈.၆ဘီလျှံလည်းပါဝင်တယ်လို့ အိမ်ဖြူတော်က မနေ့ကပဲပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အတွင်း တရားမဝင် နယ်စပ်ကနေ ဝင်ရောက်လာနေတဲ့ ပြဿနာတွေကိုဖြေရှင်းရှင်းရေး မက္ကစီကိုနယ်စပ်မှာ တံတိုင်း ကာရံမယ်ဆိုပြီး အသုံးစရိတ်ချပေးဖို့သမ္မတဒေါ်နလ်ထရမ့်က လွှတ်တော်ကို တောက်လျှောက်တိုက်တွန်းနေတာပါ။

သမ္မတဒေါ်နလ်ထရမ့်ရဲ့ အုပ်ချုပ်မှုက လာမယ့်လတွေအတွင်း သုံးနှစ်ရှိလာတော့မှာပါ။ ဒီအချိန်မှာ နယ်စပ်တံတိုင်းကာရံရေး အသုံးစရိတ်ရဖို့ကိစ္စက လွှတ်တော်အမတ်တွေနဲ့ အိမ်ဖြူတော်အကြားတိုက်ပွဲသစ်တခုဖြစ် လာနေပါတယ်။

ဒီမိုကရက်ပါတီရဲ့အဓိကကျတဲ့လွှတ်တော်အမတ်တွေကတော့ နယ်စပ်တံတိုင်းကာရံရေး အသုံးစရိတ်ချပေးဖို့ကိစ္စကို ချက်ချင်းပဲကန့်ကွက်နေတာပါ။ သမ္မတရဲ့အစိုးရအသုံးစရိတ် အစီအစဉ်ထဲမှာ စစ်သုံးစရိတ်ကို ငါးရာခိုင်နှုန်းတိုးမြင့်ပြီး အရပ်ဘက်အသုံးစရိတ်တွေကို ငါးရာခိုင်နှုန်းလျှော့ချသွားမယ်လို့ဆိုပါတယ်။ ဒီနှစ်အတွင်းစစ်သုံးစရိတ်ကို ၇၁၅ဘီလျှံ ဒေါ်လာကနေ ၇၅၀ဘီလျှံအထိ တိုးမြင့်သွားဖို့ရှိနေပါတယ်။

၂၀၂၀ နှစ် ကန်အစိုးရ အသုံးစရိတ် ဒေါ်လာ ၄.၇ Trillion အိမ်ဖြူတော် ထုတ်ပြန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG