သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိုပက္ ေရနံထုတ္လုပ္မႈေလွ်ာ့ခ်တဲ့အေပၚ ကန္ဘ႑ာေရးဝန္ႀကီး ေဝဖန္


အိုပက္အဖြဲ႔ တံဆိပ္ေနာက္ခံႏွင့္ေတြ႕ရသည့္ 3D ႏွင့္ထုတ္ထားသည့္ ေရနံတူးစက္ (မွတ္တမ္း ဓါတ္ပုံ)

အိုပက္နဲ႔အေပါင္းပါအဖြဲ႔က ေရနံထုတ္လုပ္ေရးကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္လိုက္တာဟာ ကမာၻ႔စီးပြါးေရးအတြက္ အေထာက္အကူ မျဖစ္သလို၊ အေျမာ္အျမင္နည္းရာ ေရာက္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး Janet Yellen က ေျပာလိုက္ပါတယ္။ အထူးသျဖင့္ ျဖစ္ေပၚခါစ ေဈးကြက္ေတြအတြက္ အေထာက္အကူမျဖစ္ဘူးလို႔ ေျပာေၾကာင္း Financial Times သတင္းစာႀကီးက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဖြံ႔ၿဖိဳးဆဲတိုင္းျပည္ေတြ နဲ႔ သူတို႔ရင္ဆိုင္ေနရတဲ့ ျပႆနာေတြအတြက္ အလြန္ပဲ စိတ္ပူေၾကာင္း ဝန္ႀကီး Yellen က Financial Times သတင္းစာနဲ႔ လုပ္တဲ့ ေမးျမန္းခန္းမွာ ေျပာလိုက္တာပါ။ ယူကရိန္းကို ဘ႑ာေရး အကူအညီေပးရာမွာ မဟာမိတ္ေတြက ေငြလႊဲတာ ၾကာေနတယ္လို႔လည္း သူမက ေဝဖန္လိုက္ပါတယ္။

ယူကရိန္းမွာေတာ့ Zaporizhzhia ၿမိဳ႕ကို ႐ုရွားက လက္နက္ႀကီးေတြနဲ႔ တိုက္ခိုက္တာေၾကာင့္ အနည္းဆုံး လူ ၁၇ ေယာက္ ေသဆုံးခဲ့ၿပီး၊ အမ်ားအျပား ဒဏ္ရာရရွိသြားၾကပါတယ္။ အဲဒီၿမိဳ႕မွာရွိတဲ့ န်ဴကလီယာ ဓာတ္အားေပးစက္႐ုံကို ႐ုရွားက သူ႔လက္ေအာက္ သြပ္သြင္းဖို႔ ႀကိဳးစားေနတာကို ဥေရာပသမဂၢက အျပင္းထန္ဆုံး ရႈတ္ခ်လိုက္ပါတယ္။

စက္႐ုံကေန ႐ုရွားတပ္ေတြ ဆုတ္ခြါၿပီး၊ ယူကရိန္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္ ျပန္ထားဖို႔ ေတာင္းဆိုလိုက္ပါတယ္။ န်ဴကလီယားစက္႐ုံ သိမ္းပိုက္ထားတာ ဥပေဒေၾကာင္းအရ တရားမဝင္ဘဲ၊ တစ္ခုလုံးသေဘာအရ ဥေရာပလုံၿခဳံေရးအတြက္ အျပည္ျပည္ဆိုင္ရာ အႏုျမဴေအဂ်င္စီ Zaporizhzhia စက္႐ုံမွာရွိၿပီး စစ္ေဆးၾကည့္ရႈႏိုင္ဖို႔ အေရးတႀကီး လိုအပ္ေနတယ္လို႔ ဥေရာပသမဂၢ ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell က စေနေန႔က ေျပာပါတယ္။

႐ုရွားက ထပ္မံပစ္ခတ္လာတဲ့အတြက္ လွ်ပ္စစ္ျပတ္သြားတာေၾကာင့္ အေရးေပၚ ဒီဇယ္မီးစက္ကို စက္႐ုံက အသုံးျပဳေနရေၾကာင္း စေနေန႔ အေစာပိုင္းက ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီ အိုင္ေအအီးေအက ေျပာပါတယ္။

=== Unicode ===

အိုပက်နဲ့အပေါင်းပါအဖွဲ့က ရေနံထုတ်လုပ်ရေးကို လျှော့ချဖို့ ဆုံးဖြတ်လိုက်တာဟာ ကမ္ဘာ့စီးပွါးရေးအတွက် အထောက်အကူ မဖြစ်သလို၊ အမြော်အမြင်နည်းရာ ရောက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောလိုက်ပါတယ်။ အထူးသဖြင့် ဖြစ်ပေါ်ခါစ ဈေးကွက်တွေအတွက် အထောက်အကူမဖြစ်ဘူးလို့ ပြောကြောင်း Financial Times သတင်းစာကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေ နဲ့ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အလွန်ပဲ စိတ်ပူကြောင်း ဝန်ကြီး Yellen က Financial Times သတင်းစာနဲ့ လုပ်တဲ့ မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ ယူကရိန်းကို ဘဏ္ဍာရေး အကူအညီပေးရာမှာ မဟာမိတ်တွေက ငွေလွှဲတာ ကြာနေတယ်လို့လည်း သူမက ဝေဖန်လိုက်ပါတယ်။

ယူကရိန်းမှာတော့ Zaporizhzhia မြို့ကို ရုရှားက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် အနည်းဆုံး လူ ၁၇ ယောက် သေဆုံးခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိသွားကြပါတယ်။ အဲဒီမြို့မှာရှိတဲ့ နျူကလီယာ ဓာတ်အားပေးစက်ရုံကို ရုရှားက သူ့လက်အောက် သွပ်သွင်းဖို့ ကြိုးစားနေတာကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

စက်ရုံကနေ ရုရှားတပ်တွေ ဆုတ်ခွါပြီး၊ ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက် ပြန်ထားဖို့ တောင်းဆိုလိုက်ပါတယ်။ နျူကလီယားစက်ရုံ သိမ်းပိုက်ထားတာ ဥပဒေကြောင်းအရ တရားမဝင်ဘဲ၊ တစ်ခုလုံးသဘောအရ ဥရောပလုံခြုံရေးအတွက် အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ Zaporizhzhia စက်ရုံမှာရှိပြီး စစ်ဆေးကြည့်ရှုနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က စနေနေ့က ပြောပါတယ်။

ရုရှားက ထပ်မံပစ်ခတ်လာတဲ့အတွက် လျှပ်စစ်ပြတ်သွားတာကြောင့် အရေးပေါ် ဒီဇယ်မီးစက်ကို စက်ရုံက အသုံးပြုနေရကြောင်း စနေနေ့ အစောပိုင်းက နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အိုင်အေအီးအေက ပြောပါတယ်။

XS
SM
MD
LG