သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

OPEC ေရနံထုတ္မူဝါဒ ဆက္ညႇိႏိႈင္းမည္


OPEC အစည္းအေဝးအတြက္ ျပင္ဆင္ထားမႈ ျမင္ကြင္း။

(Zawgyi / Unicode)

ေရနံတင္ပို႔ေရာင္းခ်တဲ့ ႏုိင္ငံမ်ားအဖြဲ႔ (OPEC) အေနနဲ႔ ေရနံထုတ္မူဝါဒ မခ်မွတ္ႏိုင္ေသးဘဲ တနလၤာေန႔မွာ ျပန္ဆက္ေဆြးေႏြးၾကဖို႔ ရွိေနပါတယ္။

OPEC အစည္းအေဝးကို ဒုတိယေန႔အျဖစ္ မေန႔က က်င္းပခဲ့ရာမွာ အခုမူဝါဒအတြက္ ႏိုင္ငံအမ်ားစုက သေဘာတူေပမယ့္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE) ဘက္က သေဘာမတူတာေၾကာင့္ အခုလို ေရွ႕အပတ္မွာ ဆက္ေဆြးေႏြးၾကရမွာပါ။

OPEC ရဲ႕ ေရနံထုတ္လုပ္မႈပမာဏ အရင္အတိုင္း ဆက္ေလွ်ာ့ထားမထား ေဆြးေႏြးခဲ့ၾကရာမွာ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံက တခ်ိဳ႕အပိုင္းေတြကို သေဘာမတူခဲ့ရာကေန ေရနံေစ်း ၂ ႏွစ္ေက်ာ္ၾကာ တက္ခဲ့တာ ျပန္က်ေစေရး ေရနံပိုထုတ္ေပးဖို႔ အစီအစဥ္ကို ေႏွာင့္ေႏွးသြားေစႏုိင္ပါတယ္။

လက္ရွိအသက္ဝင္ေနတဲ့ အရင္သေဘာတူမႈေအာက္မွာ OPEC နဲ႔ မဟာမိတ္ႏိုင္ငံေတြအေနနဲ႔ ေရနံထုတ္လုပ္မႈ ကန္႔သတ္ခဲ့တာေၾကာင့္ ကမာၻ႔ေရနံေစ်းကြက္ တက္လာခဲ့ရာမွာ ဒီႏွစ္ထဲ မႏွစ္ကထက္ ၄၀ ရာခုိင္ႏႈန္းအျဖစ္ ေရနံစိမ္းတေပပါကို ၇၅ ေဒၚလာအထိ တက္သြားခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာ ေရနံဝယ္ယူ သံုးစြဲရသူေတြဘက္ကေတာ့ COVID-19 ကမာၻ႔ကပ္ေရာဂါႀကီးကေန တကမာၻလံုး ျပန္နာလန္ထႏုိင္ေရးအတြက္ အေထာက္အကူျဖစ္ေစဖို႔ ေရနံကို တိုးျမႇင့္ထုတ္လုပ္ေစခ်င္ေနပါတယ္။

တကယ္ေတာ့ ေရနံေစ်းတက္လာခဲ့တာေၾကာင့္ တကမာၻလံုးမွာ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္သြားၿပီး ကိုဗစ္ေၾကာင့္ ထိခိုက္ခဲ့ရတဲ့ စီးပြားေရး ျပန္နာလန္ထူဖို႔အတြက္လည္း ေႏွးေကြးသြားေစပါတယ္။

OPEC ေရနံထုတ္မူဝါဒ ဆက္ညႇိႏိႈင္းမည္
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

OPEC ရေနံထုတ်မူဝါဒ ဆက်ညှိနှိုင်းမည်

ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများအဖွဲ့ (OPEC) အနေနဲ့ ရေနံထုတ်မူဝါဒ မချမှတ်နိုင်သေးဘဲ တနင်္လာနေ့မှာ ပြန်ဆက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။

OPEC အစည်းအဝေးကို ဒုတိယနေ့အဖြစ် မနေ့က ကျင်းပခဲ့ရာမှာ အခုမူဝါဒအတွက် နိုင်ငံအများစုက သဘောတူပေမယ့် အာရပ်စော်ဘွားများနိုင်ငံ (UAE) ဘက်က သဘောမတူတာကြောင့် အခုလို ရှေ့အပတ်မှာ ဆက်ဆွေးနွေးကြရမှာပါ။

OPEC ရဲ့ ရေနံထုတ်လုပ်မှုပမာဏ အရင်အတိုင်း ဆက်လျှော့ထားမထား ဆွေးနွေးခဲ့ကြရာမှာ အာရပ်စော်ဘွားများနိုင်ငံက တချို့အပိုင်းတွေကို သဘောမတူခဲ့ရာကနေ ရေနံဈေး ၂ နှစ်ကျော်ကြာ တက်ခဲ့တာ ပြန်ကျစေရေး ရေနံပိုထုတ်ပေးဖို့ အစီအစဉ်ကို နှောင့်နှေးသွားစေနိုင်ပါတယ်။

လက်ရှိအသက်ဝင်နေတဲ့ အရင်သဘောတူမှုအောက်မှာ OPEC နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ ရေနံထုတ်လုပ်မှု ကန့်သတ်ခဲ့တာကြောင့် ကမ္ဘာ့ရေနံဈေးကွက် တက်လာခဲ့ရာမှာ ဒီနှစ်ထဲ မနှစ်ကထက် ၄၀ ရာခိုင်နှုန်းအဖြစ် ရေနံစိမ်းတပေပါကို ၇၅ ဒေါ်လာအထိ တက်သွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ရေနံဝယ်ယူ သုံးစွဲရသူတွေဘက်ကတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကနေ တကမ္ဘာလုံး ပြန်နာလန်ထနိုင်ရေးအတွက် အထောက်အကူဖြစ်စေဖို့ ရေနံကို တိုးမြှင့်ထုတ်လုပ်စေချင်နေပါတယ်။

တကယ်တော့ ရေနံဈေးတက်လာခဲ့တာကြောင့် တကမ္ဘာလုံးမှာ ငွေကြေးဖောင်းပွမှု မြင့်တက်သွားပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေး ပြန်နာလန်ထူဖို့အတွက်လည်း နှေးကွေးသွားစေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG