သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာေမးနီးယားအေပၚ တိုက္ခိုက္မႈအတြက္ အဇာဘိုင္ဂ်န္ကို ကန္လႊတ္ေတာ္ ဥကၠ႒ ရႈတ္ခ်


(Zawgyi / Unicode)

အာေမးနီးယား အေပၚ အဇာဘိုင္ဂ်န္ရဲ႕ လတ္တေလာ တိုက္ခိုက္မႈဟာဆိုရင္ ဥပေဒနဲ႔ ဆန္႔က်င္ၿပီး အႏၲရာယ္ ႀကီးမားလွေၾကာင္း အာေမးနီးယားကို ေရာက္ရွိေနတဲ႔ အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi က တနဂၤေႏြေန႔မွာ ေျပာဆို ရႈတ္ခ်လိုက္ပါတယ္။

နယ္စပ္မွာ ျဖစ္တဲ႔ တိုက္ခိုက္မႈေတြ အတြင္း လူေပါင္း ၂၀၀ ေက်ာ္ ေသဆံုးခဲ႔ရပါတယ္။ အာေမးနီးယားရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္မႈကို အေမရိကန္က ေထာက္ခံေၾကာင္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ေရး အတြက္ လိုအပ္တာေတြကိုလည္း သိရွိလိုေၾကာင္း ေအာက္လႊတ္ေတာ္ ဥကၠ႒ Pelosi က အာေမးနီးယား ၿမိဳ႕ေတာ္ Yerevan မွာ ေျပာဆိုခဲ႔ပါတယ္။

အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း၊ Nagorno-Karabakh ပဋိပကၡနဲ႔ ဆက္စပ္ ကိစၥအားလံုး အတြက္ အလံုးစံုပါ၀င္ၿပီး ေရရွည္တည္တံ႔တဲ႔ ညႇိႏိႈင္း ေျဖရွင္းခ်က္တရပ္ကို ဆက္လက္ ေထာက္ခံ အားေပးေၾကာင္း အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠ႒ က ေျပာပါတယ္။

အဇာဘိုင္ဂ်န္ဘက္က တိုက္ခိုက္မႈေတြကို စခဲ့တယ္ဆိုတဲ့ အခ်က္ကို လက္ခံရလိမ့္မယ္လို႔လည္း ေျပာပါတယ္။ အဇာဘိုင္ဂ်န္က အာေမးနီးယားကို တိုက္ခိုက္မႈဟာဆိုရင္ ဒီမိုကေရစီနဲ႔ အာဏာရွင္စနစ္ၾကား ကမ ၻာတလႊား အားၿပိဳင္မႈရဲ႕ တစိတ္တပိုင္း ျဖစ္တယ္လို႔လည္း အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠ႒ Pelosi က ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာမေးနီးယားအပေါ် တိုက်ခိုက်မှုအတွက် အဇာဘိုင်ဂျန်ကို ကန်လွှတ်တော်ဥက္ကဋ္ဌ ရှုတ်ချ

အာမေးနီးယား အပေါ် အဇာဘိုင်ဂျန်ရဲ့ လတ်တလော တိုက်ခိုက်မှုဟာဆိုရင် ဥပဒေနဲ့ ဆန့်ကျင်ပြီး အန္တရာယ် ကြီးမားလှကြောင်း အာမေးနီးယားကို ရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က တနင်္ဂနွေနေ့မှာ ပြောဆို ရှုတ်ချလိုက်ပါတယ်။ နယ်စပ်မှာ ဖြစ်တဲ့ တိုက်ခိုက်မှုတွေ အတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အာမေးနီးယားရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အမေရိကန်က ထောက်ခံကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး အတွက် လိုအပ်တာတွေကိုလည်း သိရှိလိုကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi က အာမေးနီးယား မြို့တော် Yerevan မှာ ပြောဆိုခဲ့ပါတယ်။

အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ Nagorno-Karabakh ပဋိပက္ခနဲ့ ဆက်စပ် ကိစ္စအားလုံး အတွက် အလုံးစုံပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ညှိနှိုင်း ဖြေရှင်းချက်တရပ်ကို ဆက်လက် ထောက်ခံအားပေးကြောင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ က ပြောပါတယ်။
အဇာဘိုင်ဂျန်ဘက်က တိုက်ခိုက်မှုတွေကို စခဲ့တယ်ဆိုတဲ့ အချက်ကို လက်ခံရလိမ့်မယ်လို့လည်း ပြောပါတယ်။ အဇာဘိုင်ဂျန်က အာမေးနီးယားကို တိုက်ခိုက်မှုဟာဆိုရင် ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ကမ ္ဘာတလွှား အားပြိုင်မှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG