[Zawgyi/Unicode]
ေလးပတ္ၾကာ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ Nagorno-Karabakh ေဒသမွာ အပစ္အခတ္ ရပ္စဲေရး တတိယအႀကိမ္ ႀကိဳးပမ္းမႈလည္း မေအာင္ျမင္ျဖစ္ခဲ့ပါတယ္။ အေမရိကန္က ၾကားလူအျဖစ္ ေဆာင္႐ြက္ေပးတဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ တနလၤာေန႔ မနက္ ၈ နာရီမွာ အသက္ဝင္ၿပီး သိပ္မၾကာခင္မွာပဲ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံတို႔အၾကား သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ေၾကာင္း တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ အျပန္အလွန္ စြပ္စြဲ ေျပာဆိုခဲ့ၾကတာပါ။
အာေမးနီးယား တပ္ဖြဲ႕ေတြက Terter နဲ႔ Lachin ေဒသေတြက ေက်း႐ြာေတြကို အေျမာက္နဲ႔ပစ္ခတ္တယ္လို႔ အဇာဘိုင္ဂ်န္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စြပ္စြဲၿပီး အပစ္အခတ္ရပ္စဲေရးကို အႀကီးအက်ယ္ ခ်ိဳးေဖာက္လိုက္တာလို႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။အလားတူပဲအဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြက ႏွစ္ဘက္တပ္ေတြ ရင္ဆိုင္ေနၾကတဲ့ ေနရာေတြမွာ အေျမႇာက္ေတြနဲ႔ ပစ္ခတ္ၿပီး အပစ္ရပ္ေရး သေဘာတူညီခ်က္ကို အႀကီးအက်ယ္ ခ်ိဳးေဖာက္ခဲ့တယ္လို႔ အာေမးနီးယား ကာကြယ္ေရးဌာနကလည္း ေျပာပါတယ္။
ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ အဇာဘိုင္ဂ်န္နဲ႔ အာေမးနီးယား အစိုးရေတြက လူသားခ်င္းစာနာမႈ အပစ္ရပ္ေရး သေဘာတူညီေၾကာင္း ပူးတြဲ ေၾကညာထားခဲ့တာပါ။ ဒီအေပၚ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က တြစ္တာမွာ ခ်ီးက်ဴးစကား ေရးသားခဲ့ပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ကလည္း တနဂၤေႏြေန႔က အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ ႏိုင္ငံျခားေရး ဝန္ႀကီးေတြအၾကား ထဲထဲဝင္ဝင္ ညႇိႏႈိင္းေဆြးေႏြးႏိုင္ေအာင္ အေမရိကန္တို႔က ၾကားဝင္ေဆာင္႐ြက္ေပးခဲ့ေၾကာင္းနဲ႔ သူတို႔ႏွစ္ဦးအေနနဲ႔ အပစ္ရပ္ေရး သေဘာတူညီခ်က္ကို လိုက္နာအေကာင္အထည္ေဖာ္ဖို႔ ဂတိျပဳခဲ့ေၾကာင္း တြစ္တာမွာ ေရးသားခဲ့ပါတယ္။
[Unicode Version]
Nagorno-Karabakh အပစ်ရပ်ရေး တတိယအကြိမ်ကြိုးပမ်းချက် မအောင်မြင်ပြန်
လေးပတ်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ Nagorno-Karabakh ဒေသမှာ အပစ်အခတ် ရပ်စဲရေး တတိယအကြိမ် ကြိုးပမ်းမှုလည်း မအောင်မြင်ဖြစ်ခဲ့ပါတယ်။ အမေရိကန်က ကြားလူအဖြစ် ဆောင်ရွက်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တနင်္လာနေ့ မနက် ၈ နာရီမှာ အသက်ဝင်ပြီး သိပ်မကြာခင်မှာပဲ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့အကြား သဘောတူညီချက်ကို ချိုးဖောက်ကြောင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် စွပ်စွဲ ပြောဆိုခဲ့ကြတာပါ။
အာမေးနီးယား တပ်ဖွဲ့တွေက Terter နဲ့ Lachin ဒေသတွေက ကျေးရွာတွေကို အမြောက်နဲ့ပစ်ခတ်တယ်လို့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပြီး အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် ချိုးဖောက်လိုက်တာလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။အလားတူပဲအဇာဘိုင်ဂျန် တပ်ဖွဲ့တွေက နှစ်ဘက်တပ်တွေ ရင်ဆိုင်နေကြတဲ့ နေရာတွေမှာ အမြှောက်တွေနဲ့ ပစ်ခတ်ပြီး အပစ်ရပ်ရေး သဘောတူညီချက်ကို အကြီးအကျယ် ချိုးဖောက်ခဲ့တယ်လို့ အာမေးနီးယား ကာကွယ်ရေးဌာနကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား အစိုးရတွေက လူသားချင်းစာနာမှု အပစ်ရပ်ရေး သဘောတူညီကြောင်း ပူးတွဲ ကြေညာထားခဲ့တာပါ။ ဒီအပေါ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာမှာ ချီးကျူးစကား ရေးသားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကလည်း တနင်္ဂနွေနေ့က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နိုင်ငံခြားရေး ဝန်ကြီးတွေအကြား ထဲထဲဝင်ဝင် ညှိနှိုင်းဆွေးနွေးနိုင်အောင် အမေရိကန်တို့က ကြားဝင်ဆောင်ရွက်ပေးခဲ့ကြောင်းနဲ့ သူတို့နှစ်ဦးအနေနဲ့ အပစ်ရပ်ရေး သဘောတူညီချက်ကို လိုက်နာအကောင်အထည်ဖော်ဖို့ ဂတိပြုခဲ့ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။