သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဇာဘိုင္ဂ်န္ ထိန္းခ်ဳပ္ခြင္႔ရသြားတဲ႔ Nagorno-Karabakh က အာေမးနီးယားေတြ ထြက္ေျပးၾကၿပီ


(Zawgyi/Unicode)

အာေမးနီးယား ဝန္ႀကီးခ်ဳပ္ Nikol Pashinyan က အဇာဘိုင္ဂ်န္နဲ႔ ရုရွားတို႔နဲ႔ အပစ္အခတ္ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ ေနာက္မွာ ဗုဒၶဟူးေန႔က အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ Nagorno-Karabakh ေဒသမွာရွိတဲ့ အာေမးနီးယား ေတြ အစုလိုက္အၿပဳံလိုက္ ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။

သီတင္း ၆ ပတ္ၾကာ ျပင္းထန္တဲ့ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့ ဒီေဒသအတြက္ တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တဲ့ေနာက္ ေဒသတြင္း ေနာက္ထပ္ လူေထာင္ေပါင္းမ်ားစြာ ထပ္မံ ေသဆံုးရမယ့္ အေရး စိုးရိမ္မႈေတြ တိုးလာခဲ့တာ ျဖစ္ပါတယ္။

ဒီေဒသဟာ အဇာဘိုင္ဂ်န္ ပိုင္နက္ထဲမွာ ရွိေနေပမယ့္ ေနထုိင္သူ အမ်ားစုဟာ အာေမးနီးယားေတြ ျဖစ္ၿပီး သူတို႔ဟာ အဇာဘိုင္ဂ်န္ တပ္ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ေနတာပါ။

ဒီေဒသမွာ ႏွစ္ေပါင္း ၂၅ ၾကာေနထိုင္ခဲ့တဲ့ အာေမးနီးယား အမ်ိဳးသမီးတဦးကေတာ့ အားလံုးလိုလို ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီး က်န္ေနသူေတြလည္း အခုအခါမွာ ထြက္ေျပးဖို႔ လုပ္ေနၾကၿပီလို႔ ရိုက္တာသတင္းဌာနကို ေျပာပါတယ္။

အရင္တုန္းက အာေမးနီးယားေတြ ထိန္းခ်ဳပ္ထားၿပီး အခုအခါ အဇာဘိုင္ဂ်န္ေတြ ထိန္းခ်ဳပ္ေနတဲ့ Kelbajar ေဒသကို ျဖတ္ၿပီး ကားေတြနဲ႔ ထြက္ေျပးေနၾကတာ ျဖစ္ပါတယ္။

အခု ရရွိတဲ့ အပစ္ရပ္ သေဘာတူညီခ်က္အရ ဒီေဒသကို အဇာဘိုင္ဂ်န္ေတြက ထိန္းခ်ဳပ္ရမွာ ျဖစ္ၿပီး အခုအခ်ိန္ကေန ဒီဇင္ဘာလ တရက္ေန႔ အတြင္း အာေမးနီးယားတပ္ေတြက လႊဲေျပာင္းေပးရမွာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ သီတင္း ၆ ပတ္တုန္းက အပစ္ရပ္သေဘာတူညီခ်က္ ၃ ခု ကေတာ့ မေအာင္မျမင္ ျဖစ္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


............

အဇာဘိုင်ဂျန် ထိန်းချုပ်ခွင့်ရသွားတဲ့ Nagorno-Karabakh က အာမေးနီးယားတွေ ထွက်ပြေးကြပြီ

(Unicode)

အာမေးနီးယား ဝန်ကြီးချုပ် Nikol Pashinyan က အဇာဘိုင်ဂျန်နဲ့ ရုရှားတို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့တဲ့ နောက်မှာ ဗုဒ္ဓဟူးနေ့က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ Nagorno-Karabakh ဒေသမှာရှိတဲ့ အာမေးနီးယား တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

သီတင်း ၆ ပတ်ကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဒီဒေသအတွက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့နောက် ဒေသတွင်း နောက်ထပ် လူထောင်ပေါင်းများစွာ ထပ်မံ သေဆုံးရမယ့် အရေး စိုးရိမ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒီဒေသဟာ အဇာဘိုင်ဂျန် ပိုင်နက်ထဲမှာ ရှိနေပေမယ့် နေထိုင်သူ အများစုဟာ အာမေးနီးယားတွေ ဖြစ်ပြီး သူတို့ဟာ အဇာဘိုင်ဂျန် တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

ဒီဒေသမှာ နှစ်ပေါင်း ၂၅ ကြာနေထိုင်ခဲ့တဲ့ အာမေးနီးယား အမျိုးသမီးတဦးကတော့ အားလုံးလိုလို ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျန်နေသူတွေလည်း အခုအခါမှာ ထွက်ပြေးဖို့ လုပ်နေကြပြီလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရင်တုန်းက အာမေးနီးယားတွေ ထိန်းချုပ်ထားပြီး အခုအခါ အဇာဘိုင်ဂျန်တွေ ထိန်းချုပ်နေတဲ့ Kelbajar ဒေသကို ဖြတ်ပြီး ကားတွေနဲ့ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

အခု ရရှိတဲ့ အပစ်ရပ် သဘောတူညီချက်အရ ဒီဒေသကို အဇာဘိုင်ဂျန်တွေက ထိန်းချုပ်ရမှာ ဖြစ်ပြီး အခုအချိန်ကနေ ဒီဇင်ဘာလ တရက်နေ့ အတွင်း အာမေးနီးယားတပ်တွေက လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၆ ပတ်တုန်းက အပစ်ရပ်သဘောတူညီချက် ၃ ခု ကတော့ မအောင်မမြင် ဖြစ်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG