(Zawgyi/Unicode)
Nagorno-Karabakh ေဒသအေရးနဲ႔ ပတ္သက္ၿပီး အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ၾကား ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြအတြင္း ေသဆံုးခဲ့ရသူေတြရဲ့ ရုပ္အေလာင္းေတြ ျပန္ပို႔ေပးဖို႔ အကူအညီေတြ ေပးေနတယ္လို႔ ICRC ႏိုင္ငံတကာ ၾကက္ေျခနီ အဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ၾကား သေဘာတူညီခ်က္ ရၿပီးတဲ့ ေနာက္မွာ ICRC က ဘက္လိုက္မႈ မရွိပဲ လူသားခ်င္းစာနာမႈ ဆိုင္ရာ ကိစၥရပ္ေတြမွာ ပါဝင္ကူညီ လုပ္ေဆာင္ေနေၾကာင္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ တိုက္ပြဲေတြၾကားမွာ အဖမ္းခံေနရတဲ့ သက္ႀကီးရြယ္အို ေတြကို ဗုဒၶဟူးေန႔က လႊဲေျပာင္းေပးရာမွာလည္း ICRC က အကူညီေပးခဲ့တယ္လုိ႔ ေျပာပါတယ္။
အက်ဥ္းသား လဲလွယ္တာေတြ၊ ဒဏ္ရာရသူေတြကို သယ္ထုတ္ေပးတာေတြ၊ ေသဆံုးခဲ့ရသူေတြရဲ့ ရုပ္အေလာင္းေတြ ျပန္ပို႔ေပးတာေတြနဲ႔ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူအညီေတြကို အသက္အႏၱရာယ္ ရွိတဲ့ ၾကားကပဲ ၾကားဝင္ၿပီး ဘက္မလိုက္ပဲ ICRC ရဲ႕ ကာလတာရွည္ ေဆာင္ရြက္မႈေတြ အတုိင္း လုပ္ေဆာင္ေပးေနေၾကာင္း ICRC ရဲ့ Eurasia ေဒသဆိုင္ရာ အႀကီးအကဲ Martin Schuepp က ေျပာပါတယ္။
စက္တင္ဘာလ ၂၇ ရက္ေန႔က စတင္ခဲ့တဲ့ ၂ ဖက္ တိုက္ပြဲေတြေၾကာင့္ လူ တေထာင္ေလာက္ ေသဆံုးခဲ့ရတာ ျဖစ္ၿပီး ဒီတိုက္ခိုက္မႈေတြ အတြင္း အရပ္သားေတြကို ပစ္ခတ္မႈ ေတြ ရပ္ဆိုင္းဖို႔လည္း တိုက္ပြဲအေရး ေစာင့္ၾကည့္ေလ့လာေနတဲ့ ၾကက္ေျခနီအဖြဲ႔အႀကီးအကဲ Gerardo Moloeznik က ၾကာသပေတးေန႔မွာ ထပ္ေလာင္းပန္ၾကားလိုက္ပါတယ္။
.............
Nagorno-Karabakh စစ်ကြောင့် သေဆုံးသူရုပ်အလောင်း လဲလှယ်ရေး ကြက်ခြေနီ ကူညီမည်
(Unicode)
Nagorno-Karabakh ဒေသအရေးနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပို့ပေးဖို့ အကူအညီတွေ ပေးနေတယ်လို့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား သဘောတူညီချက် ရပြီးတဲ့ နောက်မှာ ICRC က ဘက်လိုက်မှု မရှိပဲ လူသားချင်းစာနာမှု ဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ကူညီ လုပ်ဆောင်နေကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ တိုက်ပွဲတွေကြားမှာ အဖမ်းခံနေရတဲ့ သက်ကြီးရွယ်အို တွေကို ဗုဒ္ဓဟူးနေ့က လွှဲပြောင်းပေးရာမှာလည်း ICRC က အကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
အကျဉ်းသား လဲလှယ်တာတွေ၊ ဒဏ်ရာရသူတွေကို သယ်ထုတ်ပေးတာတွေ၊ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပို့ပေးတာတွေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကို အသက်အန္တရာယ် ရှိတဲ့ ကြားကပဲ ကြားဝင်ပြီး ဘက်မလိုက်ပဲ ICRC ရဲ့ ကာလတာရှည် ဆောင်ရွက်မှုတွေ အတိုင်း လုပ်ဆောင်ပေးနေကြောင်း ICRC ရဲ့ Eurasia ဒေသဆိုင်ရာ အကြီးအကဲ Martin Schuepp က ပြောပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၂ ဖက် တိုက်ပွဲတွေကြောင့် လူ တထောင်လောက် သေဆုံးခဲ့ရတာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေ အတွင်း အရပ်သားတွေကို ပစ်ခတ်မှု တွေ ရပ်ဆိုင်းဖို့လည်း တိုက်ပွဲအရေး စောင့်ကြည့်လေ့လာနေတဲ့ ကြက်ခြေနီအဖွဲ့အကြီးအကဲ Gerardo Moloeznik က ကြာသပတေးနေ့မှာ ထပ်လောင်းပန်ကြားလိုက်ပါတယ်။