သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာမေးနီးယား-အဇာဘိုင်ဂျန်ငြိမ်းချမ်းရေး တိုးတက်မှုရရှိ


US-ARMENIA-AZERBAIJAN-CONFLICT-DIPLOMACY-KARABAKH
US-ARMENIA-AZERBAIJAN-CONFLICT-DIPLOMACY-KARABAKH

အာမေးနီးယား-အဇာဘိုင်ဂျန်ငြိမ်းချမ်းရေး တိုးတက်မှုရရှိ

ဝါရှင်တန်ဒီစီနားမှာရှိတဲ့ အာလင်တန်က အမေရိကန်နိုင်ငံခြားရေးဌာန သံတမန်ဝင်းမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် သံတမန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တနင်္ဂနွေနေ့က စတင်ကျင်းပနေတာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ ရေရှည်ငြိမ်းချမ်းရေးအတွက် သိသာတဲ့ တိုးတက်မှုရခဲ့တယ်လို့ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ပါဝင်တက်ရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောပါတယ်။

" နှစ်ဖက် မိတ်ဆွေတွေရဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ အခြေခံအုတ်မြစ် ခြေလှမ်းတွေက သဘောတူညီမှုရတော့မယ့် အနေထားပါ။ နောက်ဆုံး အဆင့်ဆိုတာ အခက်ခဲဆုံးလို့ နားလည်ထားတာကြောင့် ပြီးဆုံးတဲ့အထိ အမေရိကန်က ဆက်ပြီးကူညီမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီး Ararat Mirzoyan နဲ့ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး Jeyhun Bayramov တို့ရဲ့ ဆွေးနွေးပွဲဟာ ဝါရှင်တန်စံတော်ချိန် နေ့လည် ၂ နာရီမှာပြီးဆုံးခဲ့တာပါ။

အဇာဘိုင်ဂျန်က သိမ်းထားတဲ့ အာမေးနီးယားအများစုရှိတဲ့ Nagorno-Karabakh ဒေသကို အာမေးနီးယားတွေ တိုက်ရိုက်သွားနိုင်တဲ့ Lachin လမ်းကြောင်းကို အဇာဘိုင်ဂျန်တွေက ပိတ်ထားတာနဲ့ ပတ်သက်ပြီး မကြာခင်လတွေ အတွင်း နှစ်ဖက် တင်းမာမှုတွေ တိုးလာနေတာကြောင့် အခုလို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက် ပြင်းပြင်းထန်ထန် ေဆွးနွေးခဲ့ရတာဖြစ်ပြီး အခုတော့ ရေရှည် ငြိမ်းချမ်းရေးအတွက် သိသာတဲ့ တိုးတက်မှုတွေ ရလာတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောပါတယ်။ အဇာဘိုင်ဂျန်ဘက်က Lachin လမ်းကြောင်းပေါ်မှာ စစ်ဆေးရေးဂိတ် ဖွင့်လိုက်တာအတွက် အထူးစိုးရိမ်ကြောင်းနဲ့ ဒါဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးစားမှုတွေကို ထိခိုက်မှာအထူး စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့တာပါ။

ဒီ Lachin စင်္ကြန်လမ်းကြောင်းက တောင်ထူထပ်တဲ့ Nagorno-Karabakh ဒေသမှာ နေထိုင်တဲ့ အာမေးနီးယား လူမျိုး ၁ သိန်း ၂ သောင်း အတွက် စားနပ်ရိက္ခာ အသုံးအဆောင်ပစ္စည်းတွေ ပေးပို့ရာ လမ်းကြောင်းဖြစ်ပြီး ဒီလမ်းကြောင်းကို ၂၀၂၀ ကစလို့ ရုရှားငြိမ်းချမ်းရေးထိန်း တပ်တွေက လုံခြုံရေးယူထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG