သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းပြည်သူတွေအတွက် ဘန်ကောက်မှာ ဆန္ဒပြ

ပါလက်စတိုင်းပြည်သူတွေအတွက် သြစတေးလျဆန္ဒပြပွဲမှာတွေ့ရတဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုပ်ပုံ၊ အောက်တိုဘာ ၂၁၊ ၂၀၂၃
ပါလက်စတိုင်းပြည်သူတွေအတွက် သြစတေးလျဆန္ဒပြပွဲမှာတွေ့ရတဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုပ်ပုံ၊ အောက်တိုဘာ ၂၁၊ ၂၀၂၃

ဂါဇာဒေသကို အစ္စရေးတို့ပိတ်ဆို့ထားတာရပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ ပါလက်စတိုင်းကိုထောက်ခံသူ ရာနဲ့ချီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အစ္စရေးသံရုံးရှေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။အစ္စရေးနဲ့ Hamas စစ်သွေးကြွတို့ကြားဖြစ်နေတဲ့ စစ်ပွဲမှာ ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတာကို ဘယ်သူကမှ ဂရုစိုက်ပုံမရတာကြောင့် ခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

ပါလက်စတိုင်းလွတ်မြောက်ပါစေဆိုပြီးလည်း အော်ဟစ် ကြွေးကြော်ခဲ့ကြပါတယ်။ ဘန်ကောက်မြို့က အစ္စရေးသံရုံးကတော့ လုံခြုံရေးစိုးရိမ်မှုကြောင့် အောက်တိုဘာ ၁၈ ရက်နေ့ထဲက ပိတ်ထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတို့အပေါ် Hamas စစ်သွေးကြွတွေဘက်က အငိုက်ဖမ်းတိုက်ခိုက်ခဲ့ မှုအတွင်း ထိုင်းနိုင်ငံသား ၃၀ သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနကအတည်ပြုထားပါတယ်။

၁၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၁၉ ယောက် ရှိမယ်လို့ ယုံကြည်ရပါတယ်။ Australia နိုင်ငံ Sydney မြို့မှာလည်း ပါလက်စတိုင်းကို ထောက်ခံသူ ထောင်နဲ့ချီ ဒီနေ့ စနေနေ့မှာ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စီးပွားရေးအချက်အခြာကျပြီး ဈေးဆိုင်တွေနဲ့ စည်ကားတဲ့ မြို့လယ်မှာ ဆန္ဒပြသူတွေဟာ ဂါဇာဒေသမှာ ဖြစ်နေတဲ့ အခြေအနေကို ပိုပြီး သတိပြုမိစေဖို့ ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းချီတက်ခဲ့ကြပါတယ်။

Australia တခြားမြို့တွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေလုပ်ဖို့လည်း စီစဉ်ထားကြပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က အစ္စရေးတို့အပေါ် Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပေါ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်နေတာကြောင့် ဂါဇာဒေသက ပါလက်စတိုင်း ပြည်သူတွေ သေဆုံး ဒုက္ခရောက်နေကြပါတယ်၊ ဟာမတ်စ်တို့တိုက်ခိုက်မှုအတွင်း အစ္စရေး ၁၄၀၀ လောက် သေဆုံးခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူတွေအတွက် ဘန်ကောက်မှာ ဆန္ဒပြ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG