သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ကိုင်ရိုမှာ ထိပ်သီးစည်းဝေး

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိုင်ရိုမှာထိပ်သီးစည်းဝေးကျင်းပ၊ အောက်တိုဘာ ၂၁၊၂၀၂၃
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိုင်ရိုမှာထိပ်သီးစည်းဝေးကျင်းပ၊ အောက်တိုဘာ ၂၁၊၂၀၂၃

အရှေ့အလယ်ပိုင်း၊ ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွအဖွဲ့တို့ကြား စစ်ဖြစ်နေတာမို့ ပဋိပက္ခကျယ်ပြန့် မလာစေရေးအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ထိပ်သီးစည်းဝေးပွဲ ဒီနေ့ကျင်းပပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ ဥရောပက ခေါင်းဆောင်တချို့နဲ့ အကြီးတန်းတာဝန်ရှိသူတွေတက်ရောက်တဲ့ ကိုင်ရိုငြိမ်းချမ်းရေးထိပ်သီးစည်းဝေးပွဲမှာ ပါလက်စတိုင်းတို့အနေနဲ့ ကိုယ့်နယ်မြေထဲကနေ အတင်းနှင်ထုတ်တာခံမှာမဟုတ်ဘူးလို့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas ကပြောကြားခဲ့ပါတယ်။

ဂါဇာဒေသ၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသနဲ့ ဂျေရုဆလင်မှာရှိနေတဲ့ ပါလက်စတိုင်းတွေကို နေရပ်စွန့်ရတဲ့ အခြေအနေမျိုး အတင်းအကျပ်လုပ်တာ ခံမှာမဟုတ်ဘူးလို့ Mr. Abbas ကပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်းတွေကို ပြည်တွင်းဒုက္ခသည်တွေဖြစ်အောင်လုပ်တာဟာ စစ်ရာဇဝတ်ကျူးလွန်ရာရောက်တယ်လို့ ဂျော်ဒန်ဘုရင် Abdullah ကလည်း အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးပဲဖြစ်ဖြစ် ပါလက်စတိုင်းပဲဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်မှုကို ခြွင်းချက်မရှိ ရှုတ်ချရမယ်လို့လည်း သူကပြောကြားပါတယ်။ အရှေ့အလယ်ပိုင်းဒေသသာမက တကမ္ဘာလုံး လုံခြုံစေမယ့် တခုထဲသော အဖြေဖြစ်တဲ့ ၂ နိုင်ငံပေါ်ပေါက်ရေးအတွက် မျှတပြီး ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရဖို့ အဓိပ္ပါယ်ရှိတဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေ စတင်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြိုးစားရမယ်လို့ ဂျော်ဒန်ဘုရင် Abdullah ကပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခ ကျယ်ပြန့်မလာအောင် လုပ်ကို လုပ်ရမယ်လို့ အီတလီဝန်ကြီးချုပ် Giorgia Meloni ကလည်း ကိုင်ရိုမှာကျင်းပတဲ့ ညီလာခံမှာ ပြောကြားသွားပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ကိုင်ရိုမှာ ထိပ်သီးစည်းဝေး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG