သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေးနဲ့ ဓားစာခံလွှတ်ပေးရေး ရက်ရွှေ့ဆိုင်း


အစ္စရေး - ဟာမတ်စ် စစ်ပွဲယာယီအပစ်ရပ်ရေး ဆိုင်းငံ့
အစ္စရေး - ဟာမတ်စ် စစ်ပွဲယာယီအပစ်ရပ်ရေး ဆိုင်းငံ့

အစ္စရေးနဲ့ Hamas စစ်သွေးကြွကြား အပစ်အခတ်ယာယီရပ်ဆိုင်းဖို့နဲ့ အစ္စရေးဓါးစာခံတွေပြန်လွတ်လာဖို့ နောက်ထပ် ၁ ရက်ကြာလိမ့်မယ်လို့ အစ္စရေးဘက်က ပြောကြားပါတယ်။ အစ္စရေးဓါးစာခံပြန်လွတ်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးနိုင်ရေး ၄ ရက်အပစ်အခတ်ရပ်ဖို့ သဘောတူထားတဲ့ သဘောတူညီချက်အတိုင်းဖြစ်ဖို့ သောကြာနေ့မှာမှ အစောဆုံးဖြစ်နိုင်မယ်လို့ပြောပါတယ်။

ဓါးစာခံ ၅၀ ကို Hamas စစ်သွေးကြွတွေက ပြန်လွှတ်ပေးပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ကို လွှတ်ပေးမယ့်အစီအစဉ်အတိုင်းလုပ်မှာဖြစ်ပေမဲ့ အရင်မျှော်လင့်ထားသလို ဒီနေ့ ကြာသပတေးနေ့တော့ ဖြစ်မှာ မဟုတ်ဘူးလို့ အစ္စရေးလုံခြုံရေးအကြံပေး Tzachi Hanegbi က ပြောကြားခဲ့တာဖြစ်ပါတယ်။ သဘောတူညီထားတဲ့အတိုင်း ၂ ဖက်လုံးက အသက် ၁၈ နှစ်အောက်နဲ့ အများစု အမျိုးသမီးတွေကို လွှတ်ပေးရေး ရှေ့ဆက်ကြိုးစားနေတယ်လို့ သူက ကြေညာချက်ထုတ်ပြန်ပါတယ်။ ၂ ဘက်လုံးကြား မူလသဘောတူထားတဲ့အတိုင်း စပြီး လွှတ်ပေးမယ့်ကိစ္စက သောကြာနေ့ မတိုင်ခင်တော့ ဖြစ်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာယီအပစ်အခတ်ရပ်ဆိုင်းရေးကလည်း ဒီနေ့ကြာသပတေးနေ့မှာ စတင်မှာ မဟုတ်ဘူးလို့ နောက်ထပ် အစ္စရေးတာဝန်ရှိသူက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းက ပါလက်စတိုင်းနယ်မြေတွေအပေါ် အစ္စရေးစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာလည်း တိုက်ခိုက်မှုတွေကို ဆက်လုပ်နေပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးမြို့တွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဓါးစာခံ ၂၄၀ လောက်ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG