သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြောက်ပိုင်း အင်ဒိုနီးရှားဆေးရုံအနီး တိုက်ပွဲပြင်းထန်


ဂါဇာမြောက်ပိုင်း ဂျာဘလီယာမြို့က ဒုက္ခသည်စခန်းဖွင့်ထားတဲ့ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရာသူတွေကို ရှာဖွေကယ်ဆယ်နေသူများ။ (နိုဝင်ဘာ ၁၈၊ ၂၀၂၃)
ဂါဇာမြောက်ပိုင်း ဂျာဘလီယာမြို့က ဒုက္ခသည်စခန်းဖွင့်ထားတဲ့ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရာသူတွေကို ရှာဖွေကယ်ဆယ်နေသူများ။ (နိုဝင်ဘာ ၁၈၊ ၂၀၂၃)

ဂါဇာမြောက်ပိုင်းက အင်ဒိုနီးရှားဆေးရုံတဝိုက်မှာ တနင်္လာနေ့က တိုက်ပွဲတွေဖြစ်နေခဲ့ပြီး အနည်းဆုံး ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အစိုးရ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။

ဆေးရုံထဲကပစ်နေကြသူတွေကို ဆေးရုံအပြင်မှာရှိတဲ့ အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်တာဖြစ်ကြောင်း၊ လက်နက်ကြီးတွေအသုံးမပြုကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ခုလို တိုက်ခိုက်တာကို အင်ဒိုနီးရှား နိုင်ငံခြာရေးဝန်ကြီး မစ္စ် ရက်တနို မာဆုဒီ (Retno Marsudi) က ရှုတ်ချလိုက်ပြီး အစ္စရေးကို အပြစ်တင်လိုက်ပါတယ်။

“ဒီတိုက်ခိုက်မှုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ရှင်းရှင်းကြီး ချိုးဖောက်တာပါ။ တိုင်းပြည်အားလုံး အထူးသဖြင့် အစ္စရေးနဲ့ရင်းနှီးတဲ့တိုင်းပြည်တွေက သူတို့ ရဲ့ ဩဇာနဲ့ စွမ်းဆောင်နိုင်စွမ်းတွေကိုသုံးပြီး သူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်ဖို့ တိုက်တွန်းရပါမယ်” လို့ မစ္စ ရက်တနို မာဆုဒီ က ဆိုပါတယ်။

လူနာ ၆၀၀၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ၂၀၀ နဲ့ အင်ဒိုနီးရှားဆေးရုံထဲမှာ အိုးအိမ်စွန့်ခွါ စစ်ရှောင်ကြသူ ၂,၀၀၀ တို့ဟာ ခုအခါမှာ ဂါဇာတောင်ပိုင်းမှာ ခိုလှုံနေကြရတယ်လို့ ဟားမတ်စ်အစိုးရ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရာ့ဖ် အယ် ကီဒရာ (Ashraf al-Qidra) က ပြောပါတယ်။

ဂါဇာတောင်ပိုင်းက ခမ်းယူနီစ် (Khan Younis) မြို့မှာ ရှေ့တန်းဆေးရုံတရုံတည်ဖို့ ဂျော်ဒန် နိုင်ငံက ပစ္စည်းတွေတင်ဆောင်ထားတဲ့ ဒါဇင်ချီတဲ့ ကုန်တင်ကားတွေဟာ အီဂျစ်ကနေ တနင်္လာနေ့မှာ ဝင်ရောက်သွားကြပါတယ်။ ၄၈ နာရီအတွင်း ဆေးရုံက စအလုပ်လုပ်နိုင်မယ်လို့ ‌ဂျော်ဒန် နိုင်ငံတော်ပိုင် မီဒီယာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG