သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၄ နှစ်အရွယ် အမေရိကန် ဓါးစားခံကလေးငယ် လွတ်မြောက်


မိဘနှစ်ပါးကို မျက်စေ့ရှေ့မှာတင်အသတ်ခံခဲ့ရပြီး ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပြီး ဒုတိယအသုတ်မှာ ပြန်လွတ်လာသူ ၄ နှစ်သမီး အစ္စရေးနွယ်ဖွား အမေရိကန်မလေး Abigail Edan (နိုဝင်ဘာ ၂၆၊ ၂၀၂၃/အေပီ)
မိဘနှစ်ပါးကို မျက်စေ့ရှေ့မှာတင်အသတ်ခံခဲ့ရပြီး ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပြီး ဒုတိယအသုတ်မှာ ပြန်လွတ်လာသူ ၄ နှစ်သမီး အစ္စရေးနွယ်ဖွား အမေရိကန်မလေး Abigail Edan (နိုဝင်ဘာ ၂၆၊ ၂၀၂၃/အေပီ)

ဂါဇာမှာ ပြန်ပေးဆွဲဖမ်းထားတဲ့သူတွေထဲ အသက် ၄ လေးနှစ်အရွယ် အစ္စရေးနွယ်ဖွားအမေရိကန် ကလေးမလေးတဦးအပါအဝင် ဓါးစားခံ ၁၇ ဦး ကို ဟားမတ်တို့က ပြန်လွှတ်ပေးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ အဲဒီကလေးရဲ့မိဘနှစ်ဦးကတော့ အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်စဉ်မှာ အဲဒီကလေးငယ်ရှေ့မှာပဲ သတ်ဖြတ်ခံခဲ့ရတယ်လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။

ဓါးစားခံတွေကို ဟားမတ်စ်က ပြန်လွှတ်ပေးနေတဲ့သုံးရက်မြောက်နေ့မှာပဲ အစ္စရေးနိုင်ငံသား ၁၄ ဦးနဲ့ အခြားနိုင်ငံခြားသား သုံးဦးတို့ကို ဟားမတ်စ်က ICRC နိုင်ငံတကာကြက်ခြေနီအသင်းကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ပုဒ်မစွဲချက်အမျိုးမျိုးနဲ့ အစ္စရေးမှာ ဖမ်းဆီးထောင်ချခံနေရတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးက လွှတ်ပေးပြီး အပြန်အလှန်အားဖြင့် ဟားမတ်ကလည်း ဖမ်းထားတဲ့ ဓါးစားခံတွေကို ပြန်လွှတ်ပေးနေတာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စစ်သွေးကြွတွေကို အစ္စရေးစစ်ဆင်မှုကို လေးရက်ကြာယာယီရပ်ဆိုင်းထားတဲ့ကာလအတွင်း ဓါးစားခံတွေပြန်လွတ်လာတဲ့အခြေအနေနဲ့ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ သူ စကားထပ်ပြောဖို့ ရှိတယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။

အခု လွတ်လာတဲ့ အစ္စရေးနွယ်အမေရိကန်ကလေးမလေးအပြင် ဟားမတ်စ်က ဖမ်းထားတဲ့အထဲမှာ အမရိကန်နိုင်ငံသား နောက်ထပ်ရှစ်ဦးနဲ့ အမေရိကန်အမြဲတမ်းနေထိုင်ခွင့်ကဒ်ကိုင်ဆောင်သူ နိုင်ငံခြားသားတဦးတို့ကို ဟားမတ်စ်က ဖမ်းထားတုန်းပဲလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ABC သတင်းဌာနကို ပြောပါတယ်။ ဟားမတ်စ်တို့အနေနဲ့ အမေရိကန်ဓါးစားခံတွေကို ပြန်လွှတ်ပေးဖို့မျှော်လင့်ပြီး ဖမ်းဆီးခံဓါးစားခံတွေ လွတ်လာတဲ့အထိ အပစ်အခတ်ရပ်စဲထားဖို့ လိုလားတယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။

အသက် ၄ နှစ်အရွယ် အမေရိကန် ဓါးစားခံကလေးငယ် လွတ်မြောက်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG