သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ဓားစားခံ ၁၃ ဦးနဲ့ နိုင်ငံခြားသား ၁၄ ဦး ထပ်လွတ်


A Red Cross vehicle, as part of a convoy believed to be carrying hostages abducted by Hamas militants (REUTERS/Ibraheem Abu Mustafa)
A Red Cross vehicle, as part of a convoy believed to be carrying hostages abducted by Hamas militants (REUTERS/Ibraheem Abu Mustafa)

အစ္စရေးဓားစားခံ ၁၃ ဦးနဲ့ နိုင်ငံခြားသား ၁၄ ဦးကို ဂါဇာမှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီအသင်း ICRC ကနေတဆင့် စနေနေ့ညပိုင်းက ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့အကြောင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ သူတို့ဟာ ဂါဇာကမ်းမြှောင်နဲ့ အီဂျစ် နယ်စပ်ကို သွားနေပြီလို့ ဂါဇာအရေး ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကာတာနိုင်ငံ သတင်းရင်းမြစ်တခုက ရိုက်တာ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒီလို ဓားစားခံတချို့ ပြန်လွတ်လာပြီ ဖြစ်တဲ့အကြောင်းကို ကာတာနိုင်ငံခြားရေးဌာန ပြောခွင့်ရ Majed Al Ansari ကလည်း လူမှုကွန်ရက်ပေါ်ကတဆင့် အစောပိုင်းက ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ သူပြောတဲ့ အရေအတွက်နဲ့ ဟားမတ်စ်အဖွဲ့က အခုပြောတာနဲ့တော့ မတူပါဘူး။ သူကတော့ အစ္စရေး အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၈ ဦးနဲ့အတူ နိုင်ငံခြားသား ၇ ဦး ဂါဇာက ထွက်ခွာတော့မယ့်အကြောင်း ပြောဆိုခဲ့တာပါ။

ဒီအရေးနဲ့ ပတ်သက်ပြီးတော့ပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ကာတာနိုင်ငံအကြီးအကဲ Sheikh Tamim bin Hamad Al Thani တို့ စနေနေ့ နေ့လည်ပိုင်းက ပြောဆိုဆွေးနွေးခဲ့ကြတာ ရှိသလို၊ အစ္စရေးဓားစားခံတွေနဲ့ ဟားမတ်စ် အကျဉ်းသားတွေကို အပြန်အလှန် ပြန်လွှတ်ပေးတဲ့ အစီအစဉ် ပြန်စနေပြီဆိုတာကို ကာတာအကြီးအကဲက ပြောဆိုခဲ့ပါတယ်။
အစ္စရေးဓားစားခံတွေကိုတော့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဂါဇာကနေ သွားခေါ်နေပြီလို့လည်း ကာတာနိုင်ငံအကြီးအကဲက ပြောပါတယ်။ စနေနေ့က ပြန်လွှတ်ပေးတာဟာ အစ္စရေးနဲ့ ဟားမတ်စ်အကြား ဖမ်းဆီးထားသူတွေကို ဒုတိယအကြော့ အပြန်အလှန်လွှတ်ပေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG