သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအ‌စွန်းရောက်အခြေချနေထိုင်သူတွေကို ဗီဇာပိတ်မယ်လို့ ကန်နိုင်ငံခြားရေးကြေညာ


US Israel Blinken
US Israel Blinken

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ကြတဲ့ အစ္စရေးအစွန်းရောက် အခြေချနေထိုင်သူတွေအပေါ် ဗီဇာပိတ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ အမေရိကန်က အစ္စရေးအပေါ် ရှားရှားပါးပါး အရေးယူလိုက်တာပါ။

အမေရိကန်နိုင်ငံကို အစ္စရေးနိုင်ငံသားတွေ ဗီဇာမလိုဘဲ လာရောက်နိုင်ခွင့်ပေးပြီး တလအကြာမှာ ခုလို အရေးယူလိုက်တာပါ။ ‘အနောက်ဘက်ကမ်းဒေသ ငြိမ်းချမ်းရေး၊ လုံခြုံရေး ဒါမှမဟုတ် တည်ငြိမ်ရေးပျက်ပြားအောင် လုပ်ဆောင်ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့သူတွေကို ပစ်မှတ်ထားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာကန့်သတ်တဲ့မူဝါဒအသစ်ကို ဒီကနေ့ ချမှတ်လိုက်ပါတယ်’လို့ နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီ ဘလင်ကန် က ကြေညာပါတယ်။

အကြမ်းဖက်မှုတွေ ဒါမှမဟုတ် အခြေခံကျတဲ့လိုအပ်ချက်တွေနဲ့ မရှိမဖြစ် ဝန်ဆောင်မှုတွေ အရပ်သားတွေအနေနဲ့ မရနိုင်အောင်ဟန့်တားတဲ့ အခြားသောလုပ်ရပ်တွေလည်း အရေးယူမယ့်အထဲမှာပါဝင်တယ်လို့ မစ္စတာ ဘလင်ကန် က ဆိုပါတယ်။

အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်တဲ့သူတွေကိုအရေးယူဖို့ အစ္စရေးအစိုးရအနေနဲ့ ဒါ့ထက်ပိုပြီး လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း မစ္စတာဘလင်ကန်က ပြောသွားပါတယ်။ အနောက်ဘက်ကမ်း တည်ငြိမ်မှုကို ထိန်းထားနိုင်ဖို့ အစ္စရေးမှာရော၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာပါ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG