သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်နဲ့အပစ်ရပ်သဘောတူညီမှုသစ်ရဖို့ အစ္စရေးကြိုးပမ်းနေ


အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant
အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant

ဂါဇာမှာ တိုက်ခိုက်မှုတွေယာယီရပ်ဆိုင်းထားပြီး စစ်သွေးကြွတွေဖမ်းထားတဲ့ ဓါးစာခံ ၁၀၀ လောက် အန္တရာယ်မရှိဘဲ ပြန်လွတ်လာနိုင်ဖို့ ဟာမတ်စ်တွေနဲ့ အပစ်ရပ်စာချုပ် အသစ်ချုပ်ဆိုနိုင်အောင်ကြိုးစားနေကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီး Yoav Gallant က ပြောပါတယ်။

အစ္စရေးအစိုးရအနေနဲ့ ဓါးစားခံလွတ်မြောက်ရေး ညှိနှိုင်းနေသူတွေကို လုပ်ပိုင်ခွင့်ပိုပေးမှာဖြစ်ကြောင်း ဝန်ကြီး Gallant က အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် Brett McGurk ကို ကြာသပတေးနေ့မှာ ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဝန်ကြီး Gallent တို့နဲ့အတူတက်ရောက်တဲ့ အစ္စရေး စစ်ရေးဆိုင်ရာ ကက်ဘိနက်အဖွဲ့အစည်းအဝေးမှာ ကာကွယ်ရေး ဝန်ကြီးဟောင်း Benny Gantz က ဗုဒ္ဓဟူးနေ့ညပိုင်းမှာ အကြံပြုခဲ့ပြီးနောက် အပစ်အခတ်ရပ် သဘောတူညီချက်အတွက် ပုံစံအသစ်နဲ့ ကြိုးပမ်းဖို့ ပြောကြားချက် ထွက်လာတာ ဖြစ်ပါတယ်။

ဒါဟာ အစ္စရေး၊ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ အရာရှိတွေရဲ့ အပစ်ရပ်ရေး ညှိနှိုင်းမှုတွေ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ရပ်ဆိုင်းနေချိန်ကစပြီး ပထမဆုံး ပုံစံသစ်နဲ့ ကြိုးပမ်းဖို့ အစ္စရေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဓါးစားခံ လွတ်မြောက်ရေးဟာ အရေးအကြီးဆုံးဖြစ်ပြီး တကယ်လို့ ဟာမတ်စ်တွေက သူတို့ကို ပြန်လွှတ်ဖို့ သဘောမတူဘူးဆိုရင်တော့ မွတ်စလင်တွေရဲ့ မတ်လ ၁၀ ရက် စတင်တော့မယ် ဥပုသ်လအတွင်းမှာပဲ ဂါဇာတောင်ဘက်အစွန်က ရာဖာမြို့ကို ထိုးစစ်ဆင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အောက်တိုဘာာလ ၇ ရက်နေ့က အစ္စရေးကို ဟာမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ရသလို ဓါးစာခံအဖြစ် အဖမ်းခံခဲ့ရသူက ၂၄၀ လောက် ရှိနေတာပါ။ အစ္စရေးတွေက ပြန်လည်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလထဲ သီတင်းတပတ်ကြာ အပစ်ရပ်ထားချိန်မှာ ဓါးစားခံ ၁၀၀ လောက် ပြန်လွှတ်ပေးခဲ့ပေမယ့် ၁၀၀ လောက်ကို ဖမ်းထားဆဲဖြစ်သလို ၃၀ လောက်ကတော့ ဟာမတ်စ်တွေလက်ထဲမှာပဲ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG