သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ်အရေး ဆွေးနွေးဖို့ CIA အကြီးအကဲ မကြာခင် ဥရောပသွားမည်


ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ အမေရိကန်လွှတ်တော်ကြားနာပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန်ထောက်လှမ်းရေးဌာန CIA အကြီးအကဲ William Burns (လယ်) (မတ် ၈၊ ၂၀၂၃)
ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ အမေရိကန်လွှတ်တော်ကြားနာပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန်ထောက်လှမ်းရေးဌာန CIA အကြီးအကဲ William Burns (လယ်) (မတ် ၈၊ ၂၀၂၃)

အမေရိကန်ထောက်လှမ်းရေးဌာန CIA အကြီးအကဲဟာ အစ္စရေး၊ အီဂျစ်နိုင်ငံတို့က ထောက်လှမ်းရေး အကြီးအကဲတွေ အပါအဝင် ကာတာ ဝန်ကြီးချုပ်တို့နဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စတွေကို ဥရောပတိုက်မှာ လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်အခြေစိုက် သတင်းတွေမှာ ရေးသားကြတာကို ကိုးကားပြီး AFP မှာ ဖော်ပြထားပါတယ်။

CIA အကြီးအကဲ William Burns ဟာ အစ္စရေး-ဟာမတ်စ်အရေး ဆွေးနွေးဖို့ လာမယ့်ရက်ပိုင်းအတွင်း ဥရောပတိုက်ကိုသွားမှာဖြစ်ကြောင်း The Washington Post and Axios သတင်းတွေမှာ ဖော်ပြကြပေမယ့် ဘယ်နေရာမှာ တွေ့ဆုံမှု ပြုလုပ်မယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။ အခုလို CIA အကြီးအကဲ ဥရောပတိုက်သွားမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ CIA ကရော၊ အမေရိကန်သမ္မတ အိမ်ဖြူတော်ကရော အတည်ပြုချက်ပေးဖို့ ငြင်းဆိုကြောင်း AFP သတင်းမှာ ရေးပါတယ်။

ဒါပေမယ့် နိုဝင်ဘာလကုန်မှာ အကျဉ်းသားတွေလွတ်မြောက်ရေး သဘောတူညီချက်ရဖို့ ဆွေးနွေးပွဲတွေမှာ William Burns အနေနဲ့ ပါဝင်ခဲ့ကြောင်းနဲ့ နောက်ထပ် အကျဉ်းသားတွေလွတ်ပေးရေး ဆွေးနွေးမှုတွေမှာလည်း ဆက်လက် ပါဝင်နေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောခွင့်ရ John Kirby က ပြောပါတယ်။

အစ္စရေး-ဟာမတ်စ်အကြား နိုဝင်ဘာလအတွင်း သီတင်းပတ် တပတ်ကြာခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကာလအတွင်း ဟာမတ်စ်တို့က သူတို့ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၀၀ ကို ပြန်လွှတ်ပေးခဲ့သလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကို ပြန်လွတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG