သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသက အစ္စရေးစစ်ဆင်ရေး EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ သတိပေး

ဘယ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာကျင်းပတဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်း သတင်းထောက်တွေကို ဖြေကြားနေတဲ့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
ဘယ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာကျင်းပတဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်း သတင်းထောက်တွေကို ဖြေကြားနေတဲ့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell (ဇန်နဝါရီ ၂၂၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသရှိ ဟာမတ်စ်တွေအပေါ် အစ္စရေးက တိုက်ခိုက်နေပုံဟာ မျိုးဆက်သစ်တွေကြားမှာ အမုန်းတရားတွေ အမြစ်တွယ်စေနိုင်တယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz, ပါလက်စတိုင်း ထိပ်တန်းသံတမန် Riyad al-Maliki တို့နဲ့ အီးယူဝန်ကြီးတွေရဲ့ သီးခြားတွေ့ဆုံဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အခုလို ပြောလိုက်တာပါ။

"ဟာမတ်စ်ဆိုတာ ဘယ်လိုလူတွေ၊ သူတို့က ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ကျွန်တော်တို့ စိတ်ထဲမှာ မှတ်ထားပါတယ်။ သူတို့လုပ်ရပ်တွေကို လက်မခံသလို၊ ရှုတ်ချပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စစ်ရေးနဲ့ တည်ဆောက်လို့ မရနိုင်သလို၊ အခုလိုပုံစံမျိုးနဲ့လည်း မဖြစ်နိုင်ပါဘူး။" လို့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Borell က သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဂါဇာမှာ အရပ်သားသေဆုံးမှုတွေ များပြားနေတဲ့အပေါ် ဝေဖန်နေတဲ့ အနောက်နိုင်ငံတွေက အရာရှိတွေထဲမှာ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲလည်း အပါအဝင် ဖြစ်ပါတယ်။

ဟာမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အများစု အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၂၅,၁၀၅ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူစာရင်းမှာ ဟာမတ်စ် အရေအတွက်နဲ့ အရပ်သားအရေအတွက်ကို ခွဲခြားဖော်ပြထားခြင်းမရှိပါဘူး။

သိန်းချီရှိတဲ့ အရပ်သားတွေဟာ အမိုးအကာမရှိ၊ အစားအစာ မရှိ၊ ဆေးဝါး မရှိဘဲနဲ့ ဗုံးကြံမှုတွေကြားဘယ်လို နေ နေကြတယ်၊ နေ့စဉ်နဲ့အမျှ အရပ်သားတွေ ဘယ်လို အသတ်ခံနေရတယ်ဆိုတာကို ပြောပြစရာ စကားလုံးမရှိပါဘူးလို့လည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကပြောထားပါသေးတယ်။

အစ္စရေးဘက်ကတော့ ဟာမတ်စ်စစ်သွေးကြွတွေက လူနေရပ်ကွက်တွေအောက်မှာ ဆက်သွယ်ရေးဆိုင်ရာ ဥမင်လိုဏ်ခေါင်းတွေကို ရည်ရွယ်ချက်ရှိရှိတည်ဆောက်ပြီး တိုက်ခိုက်နေတဲ့အတွက် အရပ်သားတွေကို အန္တရာယ်ဖြစ်ရတာလို့ တုံ့ပြန်ထားပါတယ်။

ဂါဇာဒေသက အစ္စရေးစစ်ဆင်ရေး EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ သတိပေး
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG