သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ရာဖာမြို့မှာ ၁၆ ဦး သေဆုံး


အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦး။ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦး။ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

ဂါဇာတောင်ပိုင်းနဲ့မြောက်ပိုင်းမှာရှိတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့တုန်းက အစ္စရေးကပြော ပါတယ်။ ဟာမတ်စ် ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ရာဖာ Rafah မြို့မှာ ၁၆ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီဂျစ်နယ်စပ်က ရာဖာမြို့မှာရှိတဲ့ လူနေအိမ်တလုံးကိုထိမှန်ခဲ့ပြီး လူ ၁၆ ဦးသေဆုံးခဲ့ကြောင်းနဲ့ သေဆုံးသူတဝက်ဟာ ကလေးတွေဖြစ်တယ်လို့ ဂါဇာဒေသကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ အစ္စရေးကတော့ ဂါဇာတောင်ပိုင်းမှာ စစ်သွေးကြွ ၄၀ လောက်ကို ရှင်းလင်းနိုင်ခဲ့ပြီး ဂါဇာမြောက်ပိုင်း မြေပြင်နဲ့လေကြောင်း စစ်ဆင်ရေးတွေမှာ နောက်ထပ်စစ်သွေးကြွတွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အစ္စရေးနဲ့နယ်နိမိတ်ခြင်းထိစပ်နေတဲ့ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့တွေရှိရာ နေရာတွေကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းကတော့ ဟာမတ်စ်အဖွဲ့ကဖမ်းဆီးထားသူတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေ ဂါဇာဒေသတွင်းကိုရောက်ရှိသွားပြီလို့ ကာတာနိုင်ငံကပြောပါတယ်။ ဒါပေမယ့် ဒီဆေးဝါးတွေကို အဖမ်းခံထားရသူတွေထံရောက်မရောက်တော့ အတည်ပြုချက်ထွက်ပေါ်လာခြင်းမရှိသေးပါတယ်။ ဂါဇာဒေသမှာ ပါလက်စတိုင်းဒုက္ခတွေ မနိုင်မနင်းလောက်အောင် များပြားနေပြီး ဆေးဝါးနဲ့စားအစားအစာတွေမလုံမလောက်ဖြစ်နေတယ်လို့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂတာဝန်ရှိသူ Philippe Lazzarini ကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG