သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသအတွက် ဆေးရုံသင်္ဘော အင်ဒိုနီးရှားစေလွှတ်


ပူးပေါင်းလေ့ကျင့်မှုတခုအတွင်းတွေ့ရတဲ့ အင်ဒိုနီးရှား ရေတပ် ဆေးရုံသင်္ဘောကြီး (စက်တင်ဘာ ၁၉၊ ၂၀၂၃)
ပူးပေါင်းလေ့ကျင့်မှုတခုအတွင်းတွေ့ရတဲ့ အင်ဒိုနီးရှား ရေတပ် ဆေးရုံသင်္ဘောကြီး (စက်တင်ဘာ ၁၉၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးစစ်တပ်က ညလုံးပေါက် တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ ဂါဇာတောင်ပိုင်းက Rafah မြို့အပေါ် တိုက်ခိုက်မှုတခု အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပါဝင် ၁၆ ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာက ပြောပါတယ်။ တချိန်ထဲမှာပဲ ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေပါတဲ့ ဆေးရုံသင်္ဘောကြီးတစင်းကို အင်ဒိုနီးရှားနိုင်ငံက ဒီနေ့ စေလွှတ်လိုက်ပါတယ်။

အီဂျစ်နိုင်ငံက Al-Arish ဆိပ်ကမ်းမှာ ၄ ရက်ကြာ ကမ်းကပ်ထားပြီး ဂါဇာကို ပို့ဆောင်မယ့် အကူအညီတွေကို အီဂျစ်လခြမ်းနီအဖွဲ့ကို ထောက်ပံ့ရေး အကူအညီတွေကို လွှဲပေးမှာဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ရေလမ်းကြောင်းကို ဖြတ်သွားရမှာဖြစ်ပေမဲ့ ဒီအကူအညီတွေက ပါလက်စတိုင်း ပြည်သူတွေအတွက်ဖြစ်တာမို့ Houthi သူပုန်တွေအနေနဲ့ ရန်သူလို့ မမြင်ဘူးလို့ ယူဆကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto ကပြောကြားခဲ့ပါတယ်။

သင်္ဘောကြီးမှာ အစားအသောက်၊ ဆေးဝါးနဲ့ သန့်ရှင်းရေး တန်ချိန် ၂၀၀ လောက်တင်ဆောင်သွားပါတယ်။ လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးမှာသာဖြစ်ပြီး ရေပေါ် ဆေးရုံသင်္ဘောကြီးအဖြစ်ဆောင်ရွက်မှာတော့ မဟုတ်ပါဘူး။ လူနာတွေတင်ဆောင်ကုသပေးတဲ့ ဆေးရုံအဖြစ် အသုံးပြုနိုင်ဖို့ ပါမစ်ရအောင် သက်ဆိုင်သူတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG