သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးနဲ့အကျဉ်းသားဖလှယ်ရေး ကန်မျှော်လင့်


ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံအားပေးသူတွေက ပြန်ပေးဆွဲခံထားရတဲ့ ဓားစာခံတွေရဲ့ဓာတ်ပုံပိုစတာ ဆိုင်းဘုတ်တွေကိုင်ပြီး ရက် ၁၀၀ ပြည့်အဖြစ် တဲလ်အဗစ်မြို့မှာ စီတန်းလှည့်လည်ဆန္ဒပြနေကြပုံ။
ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံအားပေးသူတွေက ပြန်ပေးဆွဲခံထားရတဲ့ ဓားစာခံတွေရဲ့ဓာတ်ပုံပိုစတာ ဆိုင်းဘုတ်တွေကိုင်ပြီး ရက် ၁၀၀ ပြည့်အဖြစ် တဲလ်အဗစ်မြို့မှာ စီတန်းလှည့်လည်ဆန္ဒပြနေကြပုံ။

ဂါဇာမှာအပစ်ရပ်ရေးနဲ့ အဖမ်းဆီးခံတွေ ပြန်လွှတ်ရေးအတွက် အစ္စရေးနဲ့ ဟာမတ်စ်ကြား သဘောတူညီချက်အသစ်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးနေတာပါ။

“ဒီဆွေးနွေးပွဲတွေဖြစ်နေချိန်မှာ ကျနော် အများကြီး မပြောလိုပါဘူး။ မကြာမီ ရလဒ်ရနိုင်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်" လို့ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။ ခုလို သတင်းတက်လာအပြီးမကြာမီမှာပဲ အဖမ်းဆီးခံနေရသူတွေဆီ ဆေးဝါးတွေပို့ပေးဖို့နဲ့ ဂါဇာကို အကူအညီတွေပေးရေးနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ဟာမတ်စ်တို့ သဘောတူညီချက်ရရှိသွားတယ်လို့ ကာတာနိုင်ငံနဲ့ အစ္စရေးတို့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဂါဇာမှာရှိတဲ့ ကာတာကိုယ်စားလှယ်အဖွဲ့က ဆေးဝါးတွေ အရောက်ပို့ပေးမှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ရုံးက အတည်ပြုပြောပါတယ်။ ဂါဇာမှာ အဖမ်းဆီးခံတွေရဲ့မိသားစုက ကာတာဝန်ကြီးချုပ်နဲ့ သွားတွေ့ပြီးတဲ့နောက် သဘောတူညီချက်ရရှိလာတာဖြစ်တယ်လို့ သံတမန်တဦးက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။ ဆေးဝါးတွေနဲ့ အကူအညီတွေကို ကာတာ စစ်တပ်လေယာဥ်က မနက်ဖြန်မှာ အီဂျစ်ကိုသယ်ယူသွားပြီး ဂါဇာကို ပို့မယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ် အယ် အန်ဆာရီ (Majid Al-Ansari) က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG