သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ တရက်တည်း အစ္စရေးတပ်ဖွဲ့ဝင် ၂၄ ယောက်ကျဆုံး

ဂါဇာမှာသေဆုံးသွားတဲ့ အသက် ၂၃ နှစ်အရွယ် ပထမအဆင့်တပ်ကြပ်ကြီး Hadar Kapeluk ရဲ့ ခေါင်းတလားကို အစ္စရေးစစ်သားများ သယ်ဆောင်လာကြစဉ် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)
ဂါဇာမှာသေဆုံးသွားတဲ့ အသက် ၂၃ နှစ်အရွယ် ပထမအဆင့်တပ်ကြပ်ကြီး Hadar Kapeluk ရဲ့ ခေါင်းတလားကို အစ္စရေးစစ်သားများ သယ်ဆောင်လာကြစဉ် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်သား၂၄ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ဒီနေ့ပဲ သတင်းထုတ် ပြန်ပါတယ်။ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေး စတင်ပြီးနောက် ဒါဟာ အစ္စရေး စစ်တပ်အတွက် အဆိုးဆုံးနေ့ရက်တွေထဲက တရက်လည်းဖြစ်ပါတယ်။ တနင်္လာနေ့ကလည်း စစ်သွေးကြွတဦးက အစ္စရေးစစ်သား ၂၁ ဦး ဖောက်ခွဲဖို့ ပြင်ဆင်နေတဲ့ အဆောက်အအုံ ၂ လုံး အနီးရှိတင့်ကားကို ရော့ကတ်နဲ့ ပစ်ခတ်ခဲ့ရာက ဖောက်ခွဲရေးပစ္စည်းတွေ ပေါက်ကွဲပြီး အဆောက်အအုံပြိုကျရာက စစ်သားတွေ သေဆုံးခဲ့တာလို့အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari (ဒယ်နီရယ် ဟာဂါရီ) က သတင်းထောက်တွေကို ပြောပါတယ်။ အခြားတိုက်ခိုက်မှုတခုမှာလည်း အစ္စရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါသေးတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့တာပါ။ "မနေ့က အဖြစ်အပျက်ဟာ ကျနော်တို့အတွက် အခက်ခဲဆုံးနေ့တွေထဲက တရက်ကို ကြုံခဲ့ရတာပါ။ ကျတော်တို့ရဲ့ အသက်တွေကို ကာကွယ်ခဲ့တဲ့ သူရဲကောင်းတွေအတွက် အကြွင်းမဲ့အောင်ပွဲခံတဲ့အထိ တိုက်ပွဲကိုရပ်တန့်မှာ မဟုတ်ဘူး"လို့လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း ခက်ခဲပြီး နာကျင်စရာကောင်းတဲ့ နံနက်ခင်းတခုဖြစ်တယ်လို့ X လူမှုကွန်ယက်မှာ ဒီနေ့ အစောပိုင်းက ရေးသားခဲ့ပါတယ်။ ဟာမတ်စ်ကျန်းမာရေးအရာရှိတွေက အစ္စရေးဟာ ကျန်းမာရေး အဆောက်အအုံတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲနေချိန်မှာပဲ ဂါဇာတောင်ပိုင်းကို အစ္စရေးဘက်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ပွဲကြောင့် ပါလက်စတိုင်း လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး လေးပုံတစ်ပုံဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

ဂါဇာမှာ တရက်တည်း အစ္စရေးတပ်ဖွဲ့ဝင် ၂၄ ယောက်ကျဆုံး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG