သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်သမ္မတနဲ့ဆွေးနွေး 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken (ဝဲ) နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (မတ် ၂၁၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken (ဝဲ) နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (မတ် ၂၁၊ ၂၀၂၄)

ဖမ်းထားတဲ့ဓါးစားခံတွေ လွတ်မြောက်ရေး၊ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် လူသားချင်းစာနာမှုအကူအညီပိုပေးနိုင်ရေးတို့အတွက် ဂါဇာမှာ အစ္စရေးနဲ့ဟာမတ်ကြား အပစ်အခတ်ရပ်စဲရေးယူနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အီဂျစ်နိုင်ငံရောက်ရှိပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ရက်သီတင်းပတ် ၆ ပတ်ကြာ အပစ်အခတ်ရပ်ဆိုင်းထားရေး၊ ဂါဇာမှာအဖမ်းခံထားရတဲ့ ဓါးစားခံအားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အီဂျစ်သမ္မတ Abdel Fattah el-Sisis နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂျော်ဒန်၊ ဆော်ဒီအာရေးဗျ၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

အစ္စရေးရောဟာမတ်ပါလက်ခံနိုင်မယ့် သဘောတူညီချက်တရပ်ထွက်လာနိုင်ဖို့ နိုင်ငံအတော်များများပါဝင်ပြီး ရက်သီတင်းပတ်နဲ့ချီကြာ ကြိုးပမ်းလျှက်ရှိပါတယ်။ အခု ဆွေးနွေးမှုတွေပြီးရင်တော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ သောကြာနေ့ကျရင် အစ္စရေးကို သွားရောက်ပြီး နောက်ဆုံးဖြစ်ထွန်းမှုတွေကို အစ္စရေးခေါင်းဆောင်တွေနဲ့ အသိပေး ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Forum

XS
SM
MD
LG