သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးကြိုးပမ်းမှု ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီရောက် 


ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာ တွေ့ဆုံစဥ်။ (မတ် ၂၀၊ ၂၀၂၄)
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာ တွေ့ဆုံစဥ်။ (မတ် ၂၀၊ ၂၀၂၄)

ဂါဇာမှာ အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးရယူနိုင်ဖို့ နောက်ထပ် ကြိုးပမ်းချက်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဆော်ဒီအာရေဗျနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာပါတယ်။ ဘလင်ကန်ဟာ သောကြာနေ့မှာ အစ္စရေးတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ရာဖာအပါအဝင် ဂါဇာမှာ ဟာမတ်စ်ကို အနိုင်ယူနိုင်မယ့်နည်းလမ်းကို ရှာဖွေရမှာဖြစ်ပေမဲ့ တဘက်မှာလည်း ပါလက်စတိုင်းအရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေေ အဟန့်အတားမရှိဝင်ရောက်နိုင်ရေးနဲ့ အစ္စရေးရဲ့အထွေထွေလုံခြုံရေးအခြေအနေကို မြှင့်တင်ရေးကိစ္စရပ်တွေကို အစ္စရေးခရီးစဥ်မှာ ဘလင်ကန်အနေနဲ့ ဆွေးနွေးသွားဖို့ ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘလင်ကန်ဟာ အီဂျစ်ကိုလည်း ဝင်ဖို့ရှိပြီး အာရပ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးချက်တွေကို အစ္စရေးဘက်ကို ပြန်လည်ပြောပြဖို့ရှိပါတယ်။ ဂါဇာစစ်ပွဲ ၆ လ ကြာလာပြီး အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်နေချိန်မှာ ဘလင်ကန်က အရှေ့အလယ်ပိုင်းကို ထပ်မံသွားရောက်ခဲ့တာပါ။

တပြိုင်တည်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရာဖာကို အစ္စရေးထိုးစစ်ဆင်ရင် ရလဒ်ကောင်းတွေမရနိုင်ဘူးလို့ သတိပေးထားပေမဲ့ ရာဖာမြေပြင်ထိုးစစ်ကို ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

တဘက်မှာလည်း အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကာတာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Majed al-Ansari က အစ္စရေးထောက်လှမ်းရေးအကြီးအကဲနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ပြောဆိုချက်မှာတော့ “သတိကြီးကြီးထားပြီး အကောင်းမြင်ကြောင်း” ပြောပေမယ့် တကယ်လို့သာ ရာဖာကို အစ္စရေးဘက်က မြေပြင်စစ်ဆင်ရေး လုပ်လာခဲ့ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ အစောပိုင်းက သတိပေးထားပါတယ်။

ဂါဇာအပစ်ရပ်ရေးကြိုးပမ်းမှု ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီရောက်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG