သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာငြိမ်းချမ်းရေး သဘောတူညီမှုမရဘဲ ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ


အစ္စရေး ဂါဇာဒေသနယ်စပ်မှာတွေ့ရတဲ့ တင့်ကားတစီး (မတ် ၆၊ ၂၀၂၄)
အစ္စရေး ဂါဇာဒေသနယ်စပ်မှာတွေ့ရတဲ့ တင့်ကားတစီး (မတ် ၆၊ ၂၀၂၄)

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေတဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ သူတို့အဖွဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဟာမတ်စ်အဖွဲ့က ပြောကြားလိုက်ပြီး ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်အတွင်း ပြန်စမယ်လို့ ဆိုပါတယ်။ သီတင်းပတ် ၆ ပတ်ကြာ ယာယီ အပစ်အခတ်ရပ်စဲရေးအပါအဝင် ဟာမတ်စ်တို့ ထိန်းသိမ်းထားတဲ့ ဓားစာခံတချို့ ပြန်လွတ်ပေးရေးနဲ့ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတချို့ ပြန်လွှတ်ပေးရေးတို့ ပါဝင်တဲ့ ကိစ္စရပ်တွေကို အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ ဆွေးနွေး ညှိနှိုင်းနေကြတဲ့အကြောင်း ဟာမတ်စ်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေ အပြီးအပိုင် ရုပ်သိမ်းပေးရမယ်လို့ ဟာမတ်စ်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ထားတဲ့ အစ္စရေးဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။ မနှစ် အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်အဖွဲ့ရဲ့ အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၂၀၀ လောက် သေဆုံးခဲ့ရပြီးတဲ့နောက် အစ္စရေးက ဟာမတ်စ်တို့ရှိရာ ဂါဇာ ကမ်းမြောင်ကို ဝင်ရောက် တိုက်ခိုက်နေတာမှာ ဟာမတ်စ်အဖွဲ့ကို အမြစ်ပြုတ် ချေမှုန်းဖို့ရည်ရွယ်ထားကြောင်း အစ္စရေးက ပြောထားပါတယ်။

အစ္စရေးကို ဝင်ရောက် တိုက်ခိုက်စဉ် ဟာမတ်စ်အဖွဲ့က လူပေါင်း ၁၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တာမှာ နောက်ထပ် ၃၀ လောက် ဟာမတ်စ်လက်ထဲမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG