သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်မှာဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံနေစဉ် (မတ် ၂၀၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံနေစဉ် (မတ် ၂၀၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်လို့ အာရပ်နိုင်ငံတာဝန်ရှိသူတွေနဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်ရေး၊ Hamas စစ်သွေးကြွတွေဖမ်းထားတဲ့ ဓါးစာခံတွေပြန်လွတ်ရေး၊ ဂါဇာကို လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးနိုင်ရေးနဲ့ စစ်ပွဲလွန်ကာလအစီအစဉ်တွေကို အီဂျစ်တာဝန်ရှိသူတွေအပြင် ဂျော်ဒန်၊ Saudi Arabia၊ Qatar နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွအဖွဲ့ကြား စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလထဲကဆိုရင် ဝန်ကြီး Blinken ဟာ အရှေ့အလယ်ပိုင်းဒေသကို ၆ ကြိမ်မြောက် ရောက်နေတာဖြစ်ပါတယ်။ မနက်ဖြန်သောကြာနေ့ကျရင် အစ္စရေးကို သွားဖို့ စီစဉ်ထားပါတယ်။ ဂါဇာမှာ ချက်ချင်းအပစ်ရပ်ပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်က ပြင်ဆင်ရေးဆွဲနေတယ်လို့ ဝန်ကြီး Blinken က Saudi Arabia ကို ဗုဒ္ဓဟူးနေ့က ရောက်ခဲ့စဉ်က Al Hadath သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဓားစာခံတွေပြန်လွှတ်ပေးရေးနဲ့ တွဲထားတဲ့ ချက်ချင်းအပစ်ရပ်ဖို့ တောင်းဆိုချက်ပါတဲ့ ဆုံးဖြတ်ချက်မူကြမ်းဖြစ်တယ်လို့ သူကပြောပါတယ်။ ၂ ဖက်လုံးက အရပ်သားအားလုံးကို ကာကွယ်နိုင်ဖို့ ချက်ချင်းနဲ့ ရေရှည်ခံအပစ်ရပ်ရေးကို မူကြမ်းထဲမှာ တောင်းဆိုထားသလို၊ ဂါဇာဒေသထဲက အရပ်သားတွေ မဖြစ်မနေလိုအပ်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ရေးနဲ့ ဖမ်းဆီးခံထားရဆဲ ဓားစာခံတွေ ပြန်လွှတ်ပေးရေးတို့ကို မူကြမ်းထဲမှာ တောင်းဆိုထားတယ်လို့ AFP သတင်းကပြောပါတယ်။

ဒီမူကြမ်းကို လုံခြုံရေးကောင်စီမှာ ဘယ်တော့ မဲခွဲမယ်ဆိုတောတော့ မသိရသေးပါဘူး။ ဂါဇာဒေသမှာ အပစ်ရပ်ရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတွေကို လုံခြုံရေးကောင်စီမှာ အရင် မဲခွဲခဲ့တုန်းကတော့ အမေရိကန်က ဗီတိုသုံး ပယ်ချခဲ့ဖူးပါတယ်။ မူကြမ်းထဲမှာ Hamas တို့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးကို ဖိအားပေး တောင်းဆိုထားတာ မပါဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က အဲဒီတုန်းက ပြောဆိုခဲ့ပါတယ်။

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်မှာဆွေးနွေး
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG