သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ဖိလစ်ပိုင်ကို ကာကွယ်ပေးဖို့ ကန် သန္နိဋ္ဌာန်ချထား (သမ္မတ Biden)


အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့ အိမ်ဖြူတော်မှာတွေ့ဆုံ (ဧပြီ ၁၁၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့ အိမ်ဖြူတော်မှာတွေ့ဆုံ (ဧပြီ ၁၁၊ ၂၀၂၄)

ဂျပန်နဲ့ ဖိလစ်ပိုင်အပေါ် အမေရိကန်က ကာကွယ်ပေးဖို့ချထားတဲ့သန္နိဋ္ဌာန်က သံမဏိလိုခိုင်မာတယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida၊ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. တို့နဲ့ ပြုလုပ်တဲ့ ၃ နိုင်ငံ ထိပ်သီးအစည်းအဝေးအတွင်းမှာ သမ္မတ Biden ကခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအတွက် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်မှာ အမေရိကန်က ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ မဟာမိတ် ၂ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အာမခံပြောကြားတာလည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင် လေယာဉ်၊ ရေယာဉ်၊ ဒါမှမဟုတ် တပ်တွေအပေါ် တိုက်ခိုက်မှု မှန်သမျှကို ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးသဘောတူစာချုပ်ထားတဲ့ နိုင်ငံတခုအနေနဲ့ တုံ့ပြန်သွားမယ်လို့ သမ္မတ Biden ကပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ နယ်နိမိတ်အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်တပ်တွေနဲ့ ဖိလစ်ပိုင် သင်္ဘောတွေ မကြာခဏ ထိပ်တိုက်တွေ့ တင်းမာမှုတွေ ဖြစ်နေတာပါ။ ဒါကြောင့် ကြာသပတေးနေ့က ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲဟာ အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ အတူ ဖြစ်စေချင်သလို အနာဂါတ်ကို ပုံဖော်နိုင်ဖို့ အရေးကြီးတယ်လို့ ဖိလစ်ပိုင်သမ္မတ Marcos Jr. ကပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ကလည်း အတွေးအမြင်တူညီတဲ့ မဟာမိတ်နိုင်ငံတွေကြား အဆင့်စုံ ပူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေလိုအပ်ကြောင်းနဲ့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေနဲ့အညီ လွတ်လပ် ပွင့်လင်းတဲ့အခြေအနေတွေကို ထိန်းသိမ်းထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်ဒို ပိစိဖိတ်ဒေသတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်း သာယာမှုရှိအောင်ဆောင်ရွက်တဲ့နေရာမှာ ဘုံတန်ဖိုးထားမှုက အဓိကဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်နဲ့ ဖိလစ်ပိုင်ကို ကာကွယ်ပေးဖို့ ကန် သန္နိဋ္ဌာန်ချထား (သမ္မတ Biden)
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG