သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ်ရဲ့ ဂါဇာစစ်ပွဲ ချဉ်းကပ်မှုအပေါ် သမ္မတဘိုင်ဒင်ဝေဖန်


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ စစ်ပွဲအပေါ် ချဉ်းကပ်ပုံကို လက်မခံကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပြီး စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် စစ်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“သူ့လုပ်ဆောင်ချက်တွေ မှားတယ်လို့ ကျနော်ထင်ပါတယ်။ သူ့ရဲ့ ချဉ်းကပ်ပုံကို ကျနော် သဘောမတူပါဘူး။ World Central Kitchen အဖွဲ့က ကား ၃-၄ စီးကို ကမ်းခြေမှာမဟုတ်ဘဲ အဝေးပြေးလမ်းပေါ်မှာ ဒရုန်းနဲ့ ပစ်လိုက်တဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့နဲ့ လာမယ့် သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်အကြားလောက်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါး စတဲ့ အကူအညီတွေ အကန့်အသတ်မရှိ ပို့ခွင့်ပြုဖို့အတွက် ကျနော် တောင်းဆိုပါတယ်။" လို့ အင်္ဂါနေ့ ညမှာ ထုတ်လွှင့် ပြသတဲ့ မေးမြန်းခန်းတခုမှာ သမ္မတ Biden ပြောလိုက်တာပါ။

World Central Kitchen အကူအညီပေးရေးအဖွဲ့က ကားတွေကို အစ္စရေးက ဒရုန်းယာဉ်နဲ့တိုက်ခိုက်ပြီး ၂ ရက်အကြာ ဧပြီလ ၃ ရက်နေ့မှာ သမ္မတ Biden ကို စပိန်ဘာသာစကားနဲ့ ထုတ်လွင့်တဲ့ Univision သတင်းဌာနက မေးမြန်းရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Netanyahu နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားစဉ်မှာလည်း အဲဒီအတိုင်းဘဲ သမ္မတ Biden က ပြောကားခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုင်ရို ဆွေးနွေးပွဲမှာ ဟာမတ်စ်အဖွဲ့ကို တင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝါရှင်တန် ဒီစီမှာ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG