သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြောက်ပိုင်း အစ္စရေးက အရှိန်မြှင့် တိုက်ခိုက်


ဟားမတ်စ်တွေ အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခဲ့ချိန်ကစပြီး အစ္စရေးက ပါလက်စတိုင်းရဲ့ ဂါဇာမှာရော ဆီးရီးယားမြောက်ပိုင်းက လက်ဘနွန်ဟက်ဇ်ဘိုလာ Hezbollah တွေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ် IRGC တို့ကို တိုက်ခိုက်နေရာကနေ သောကြာနေ့ကတော့ လက်ဘနွန်မှာလေကြောင်း တိုက်ခိုက်မှုကို အရှိန်မြှင့် လိုက်ပါတယ်။

အီရန် ထောက်ခံပံ့ပိုးနေတဲ့ ပါလက်စတိုင်း- ဟားမတ်စ်တွေ အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခဲ့ချိန်ကစပြီး အစ္စရေးက ပါလက်စတိုင်းရဲ့ ဂါဇာမှာရော အီရန်ပံ့ပိုးနေတဲ့ ဆီးရီးယားမြောက်ပိုင်းက လက်ဘနွန် ဟက်ဇ်ဘိုလာ Hezbollah တွေနဲ့ အီရန်တော်လှန်ရေး အစောင့်တပ် IRGC တို့ကို တိုက်ခိုက် နေရာကနေ သောကြာနေ့ကတော့ လက်ဘနွန်မှာ လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့် လိုက်ပါတယ်။

အီရန်နဲ့ သူ့ကိုလိုလားတဲ့ အဖွဲ့တွေဟာ အလက်ပိုနဲ့ ဒမတ်စကပ်မြို့တော် အပါအဝင် ဆီးရီးယားနိုင်ငံတလွှား ခြေကုပ် ယူထားတာ ဖြစ်ပါတယ်။ ဒီ ၂ မြို့စလုံးက နိုင်ငံတကာ လေဆိပ်တွေကို အစ္စရေးက ထပ်တလဲလဲ တိုက်ခိုက်နေပေမယ့် အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးရဲ့ ထိုးစစ်တွေ ပြင်းထန်လာတာကြောင့် အီရန်က သူ့ထိပ်ပိုင်း အရာရှိကြီးတွေကို ဆီးရီးယားကနေ ပြန်ခေါ်ယူခဲ့တာပါ။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မနက် ၂ နာရီလောက်မှာ အလက်ပိုက နေရာ အများအပြားကို ထိမှန်ခဲ့ပြီး စစ်တပ်တာဝန်ရှိသူတွေ အပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် လေကြောင်းကရော အဝေးထိန်း ဒရုန်းနဲ့ပါ Idlib နဲ့ အလက်ပို အနောက်ပိုင်းကို တိုက်ခိုက်တာဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက အလက်ပိုနဲ့ ဝန်းကျင်မှာ နေထိုင်သူ အရပ်သားတွေကို တိုက်ခိုက်တာဖြစ်ကြောင်း ပြောပါတယ်။

အစ္စရေးစစ်တပ်က တုန့်ပြန်ဖြေကြားတာ မရှိပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အစ္စရေးတွေရဲ့ ဆီးရီးယား တိုက်ခိုက်မှုကို ဝေဖန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကနေ ဆီးရီးယား နိုင်ငံသား ၃၃ ယောက်နဲ့ ဟက်ဇ်ဘိုလာ ၅ ယောက် သေဆုံးခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

Forum

XS
SM
MD
LG