သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတောင်းဆိုတဲ့ လက်နက်အားလုံး ကန်မထောက်ပံ့ရသေး

အမေရိကန်စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Q. Brown Jr. (မတ် ၁၉၊ ၂၀၂၄)
အမေရိကန်စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Q. Brown Jr. (မတ် ၁၉၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွတွေနဲ့ စစ်ဆင်နေတဲ့ အစ္စရေးကို သူတို့တောင်းထားတဲ့ လက်နက်အားလုံးတော့ မပေးရသေးဘူးလို့ အမေရိကန်စစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။ အစ္စရေးအတွက် ဘာလက်နက်တွေပေးမလဲဆိုတာ သူအကြံပြုထားပေမဲ့ နောက်ဆုံး ဘယ်လို စစ်ရေးအထောက်အပံ့ပေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Q. Brown Jr. ကပြောကြားခဲ့တာပါ။

Pentagon စစ်ဌာနချုပ်က သိုလှောင်ထားတဲ့ လက်နက်တွေကို ပေးဖို့အတွက်ဆိုရင် အမေရိကန်စစ်တပ်ရဲ့ စစ်ရေးအသင့်ဖြစ်မှုအပေါ် ဘယ်လိုထိခိုက်နိုင်မလဲဆိုတာကို အခြေခံပြီးမှ ဆုံးဖြတ်မှာဖြစ်တယ်လို့ George Washington တက္ကသိုလ်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂါဇာက ပါလက်စတိုင်းပြည်သူတွေ အလွန်အမင်းလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးနိုင်ဖို့ စစ်ရေးအထောက်အပံ့နဲ့ အပေးယူလုပ်ဖို့ တိုက်တွန်းပြောကြားမှုတွေရှိနေချိန်မှာ သူက ခုလို ပြောခဲ့တာပါ။ အစ္စရေးတောင်းသမျှလက်နက်တွေ မပေးတာက အဲဒါကြောင့်လားလို့ သတင်းထောက်တွေက မေးတာကိုတော့ အမေရိကန်စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက အားလုံးကိုပေးနိုင်တဲ့ အင်အားမရှိတာကြောင့်ရော၊ ပေးခွင့် မရှိတာရော၊ အခုလက်ရှိမှာ ပေးဖို့ ဆန္ဒမရှိတာကြောင့်ပါဖြစ်တယ်လို့ တုံ့ပြန်‌ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အစ္စရေး‌တို့နဲ့ မပြတ်ဆွေးနွေးနေပါတယ်လို့လည်း သူကပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးဟာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဟိုးအရင်ထဲကရှိနေပြီး အမေရိကန်အစိုးရက အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ နှစ်စဉ် ၃.၈ ဘီလျံပေးနေတာဖြစ်ပါတယ်။

အစ္စရေးတောင်းဆိုတဲ့ လက်နက်အားလုံး ကန်မထောက်ပံ့ရသေး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG