သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးတွေ ပင်တဂွန်မှာတွေ့ဆုံ


အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ယာ-ရှေ့) အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲ-ဒု) တိို့ မြို့တော်ဝါရှင်တန်ဒီစီ၊ ပန်တဂွန်စစ်ဌာနချုပ်မှာတွေ့ဆုံစဥ် (မတ်လ ၂၆၊ ၂၀၂၄/ AFP)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ယာ-ရှေ့) အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲ-ဒု) တိို့ မြို့တော်ဝါရှင်တန်ဒီစီ၊ ပန်တဂွန်စစ်ဌာနချုပ်မှာတွေ့ဆုံစဥ် (မတ်လ ၂၆၊ ၂၀၂၄/ AFP)

အမေရိကန်နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတွေဟာ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရာဖာမြို့က ဟာမတ်စ်တွေကို တိုက်ခိုက်နိုင်မယ့်နည်းလမ်းတွေ ဆွေးနွေးကြမယ်လို့ အစည်းအဝေးအစမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။

ဂါဇာမှာ အရပ်သားတွေသေဆုံးကြတာ အလွန့်အလွန်ကိုမြင့်မားလှပြီး အကူအညီတွေ ပေးပို့နိုင်တာကလည်း အလွန့်အလွန် နည်းလှတယ်လို့လည်း မစ္စတာ အော်စတင်က ဆိုပါတယ်။ ဒါပေမဲ့ အစ္စရေးမှာ မိမိကိုယ်ကို ကာကွယ်ခွင့်ရှိတယ်ဆိုတာကိုလည်း သူက ထပ်မံပြောသွားပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကတော့ ဟာမတ်စ်ကို ချေမှုန်းရေး၊ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေ လွှတ်ရေးနဲ့ စစ်ပြေးရှောင်သူတွေ အိမ်ပြန်နိုင်မယ့်အစီအစဥ်တွေကို ဆွေးနွေးမယ်လို့ ပြောပါတယ်။ ရာဖာမြို့မှာ ဟာမတ်စ်တပ်ရင်း ၄ ရင်းမှာ တပ်သားထောင်ချီရှိပြီး ရာဖာမြို့ထဲမဝင်ဘဲ ဟာမတ်စ်ကို မနှိမ်နင်းနိုင်ဘူးလို့ အစ္စရေးက ဆိုပါတယ်။

ဒီအစည်းအဝေးကို လက်နက်ကိုင်တပ်ဖွဲ့စစ်ဦးစီးချုပ်များ ပူးတွဲအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး CQ Brown လည်း တက်ရောက်ပါတယ်။ 'အရပ်သားတွေရဲ့လုံခြုံရေးကို ထည့်သွင်းစဥ်းစားပြီး ဟာမတ်စ် ခြိမ်းခြောက်မှုကိုကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ မြို့ပြတိုက်ပွဲ စစ်ဆင်ရေးတွေကနေ ရရှိထားတဲ့ သင်ခန်းစာတွေပါ' လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Pat Ryder က တနင်္လာနေ့က ပြောပါတယ်။

ကန်နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးတွေ ပင်တဂွန်မှာတွေ့ဆုံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG