သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဂါဇာကိုမြေပြင်တပ်ဝင်ဖို့ အဆင်သင့်ရှိနေ" အစ္စရေးကာကွယ်ရေးဝန်ကြီး


အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြောင်နားမှာ စစ်သားများနဲ့ တွေ့ဆုံစဥ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြောင်နားမှာ စစ်သားများနဲ့ တွေ့ဆုံစဥ်။

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်တပ်တွေ ဝင်ရောက်စီးနင်းဖို့ အစ္စရေးစစ်သည်သောင်းဂဏန်း အဆင်သင့်ပြင်ထားပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောပါတယ်။

တချိန်တည်းမှာတော့ ဟားမတ်စ်ထိန်းချုပ်ဒေသတွေကို အစ္စရေးတိုက်လေယာဉ်တွေက လေကြောင်းကနေ စစ်ဆင်တိုက်ခိုက်နေပါတယ်။ ဂါဇာနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့ အစ္စရေးခြေလျင်စစ်သည်တွေကို အစ္စရေးကာကွယ်ရေးဝန်ကြီး Gallant က တွေ့ဆုံပြီး တပ်ဖွဲ့တွေအနေနဲ့ စုစည်းအသင့်ပြင်ထားဖို့ ပြောပါတယ်။ ဒါပေမယ့် ဂါဇာကို မြေပြင်ထိုးစစ်တွေ ဘယ်တော့လုပ်မယ်ဆိုတာကိုတော့ အချိန် မပြောပါဘူး။

နယ်စပ်တလျှောက်လုံးမှာတော့ အစ္စရေးက စစ်သည်သုံးသိန်းကျော် တပ်ဖြန့် စုစည်းထားတာပါ။ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ အစ္စရေးနိုင်ငံတွင်း အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁,၄၀၀ သေဆုံးခဲ့ရပါတယ်။ ဒီအပေါ်မှာ အစ္စရေးဘက် လေကြောင်းကနေ လက်တုံ့ပြန်ခဲ့သလို ဟားမတ်စ်တို့ထိန်းချုပ်ရာ ဂါဇာထဲ မြေပြင်တပ်တွေဝင်ရောက်ဖို့အထိ စိုင်းပြင်းနေတာပါ။

အစ္စရေးကာကွယ်ရေးဝန်ကြီးက အခုလို ပြောပြီးမကြာခင်မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း နယ်စပ်ကတပ်တွေနဲ့အတူရှိနေတဲ့ ဗွီဒီယိုထုတ်ပြခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ အမေရိကန်သမ္မတ Joe Biden ရော ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ အစ္စရေးကိုလာရောက်ပြီး ဟားမတ်စ်ကို စစ်ဆင်မယ့် အစ္စရေးကိုထောက်ခံမှုပြခဲ့ကြပါတယ်။

"ဂါဇာကိုမြေပြင်တပ်ဝင်ဖို့ အဆင်သင့်ရှိနေ" အစ္စရေးကာကွယ်ရေးဝန်ကြီး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG