သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကာကွယ်ရေး၀န်ကြီး ၀ါရှင်တန်ခရီးစဥ်စတင်


ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ အစ္စရေးမှာတွေ့ဆုံကြစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ အစ္စရေးမှာတွေ့ဆုံကြစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

ဂါဇာစစ်ပွဲကြောင့် အစ္စရေးဟာ သူ့ရဲ့ အဓိက စစ်ဘက်ဆိုင်ရာ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပိုမိုတင်းမာနေချိန် အမေရိကန်အစိုးရနဲ့ တွေဆုံဆွေးနွေးဖို့ အစ္စရေးကာကွယ်ရေး၀န်ကြီး Yoav Gallant ဒီကနေ့ ထွက်ခွာလာပြီ ဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေ သောင်းနဲ့ချီ သေဆုံးခဲ့တာ၊ အဆောက်အအုံတွေ ထိခိုက်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး အကူအညီတွေ လိုအပ်နေတာကို ထောက်ပံ့နိုင်ရေး တိုက်ခိုက်မှုတွေကို လျှော့ချဖို့ အမေရိကန်က တိုက်တွန်းနေတာကို အစ္စရေးက လက်မခံ ပယ်ချထားတာပါ။

ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေ သောင်းနဲ့ချီ သေဆုံးခဲ့တာ၊ အဆောက်အအုံတွေ ထိခိုက်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး အကူအညီတွေ လိုအပ်နေတာကို ထောက်ပံ့နိုင်ရေး Gallant အနေနဲ့ တနင်္လာနေ့မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin, နိုင်ငံခြားရေးဝန်ကြီး Antony Blinken, အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan အပါအ၀င် အခြားအကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဥ်ထားကြောင်း အစ္စရေးအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် သောကြာနေ့က အမေရိကန် နိုင်ငံခြားရေး၀န်ကြီး Blinken နဲ့ အစ္စရေး ခေါင်းဆောင်တွေကြား ဂါဇာစစ်ပွဲအရေး ဆွေးနွေးပွဲ သဘောထားတင်းမားပြီး၊ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေး၀န်ကြီး Austin ရဲ့ ဖိတ်ကြားချက်နဲ့ အစ္စရေးကာကွယ်ရေး၀န်ကြီး Gallant ရဲ့ အမေရိကန်ခရီးစဥ် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ အစ္စရေးရဲ့ ကြေညာချက်က ဆိုပါတယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ပါလက်စတိုင်းဒုက္ခသည် တသန်းကျော် ခိုလှုံနေတဲ့ Rafah မြို့ကို မတိုက်ဖို့ အစ္စရေးကို အမေရိကန် ပြင်းပြင်းထန်ထန် တောင်းဆိုနေတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG