သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှု ဟာမတ်စ် ဒုခေါင်းဆောင်သေဆုံး


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ဟာမတ်စ် ဒုခေါင်းဆောင် Saleh al-Aruri
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ဟာမတ်စ် ဒုခေါင်းဆောင် Saleh al-Aruri

အစ္စရေးက လေကြောင်းကနေ အင်္ဂါနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မှာ ဟာမတ်စ်အဖွဲ့ ဒုတိယ ခေါင်းဆောင် သေဆုံးသွားခဲ့တယ်လို့ ဟာမတ်စ်ရုပ်သံနဲ့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ ဆာလေးအယ်လ် အရူရီ Saleh al-Aruri နဲ့အတူ သူ့ရဲ့ သက်တော်စောင့်ငါးယောက်လည်း သေဆုံးသွားခဲ့ပါတယ်။ အဆောက်အဦရဲ့အထပ် ၂ ထပ်နဲ့ ကားတစီးပျက်စီးသွားခဲ့တယ်လို့ အဆင်မြင့် လုံခြုံရေးတာဝန်ရှိသူတဦးက အေအက်ဖ်ပီသတင်းကို ပြောပါတယ်။

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးက ဟာမတ်စ်ရုံးကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လက်ဘနွန် မီဒီယာတွေက ဆိုပါတယ်။ ဒီဆင်ခြေဖုံးဟာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ဇ်ဘိုလာလှုပ်ရှားမှု ခိုင်မာအားကောင်းတဲ့နေရာ ဖြစ်ပါတယ်။ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တဲ့ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးကပေါက်ကွဲမှုကို လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီက (Najib Mikati) ရှုတ်ချလိုက်တယ်လို့ သူ့ရုံးက ထုတ်ပြန်ပါတယ်။

ဟားမတ်စ်ရဲ့ မဟာမိတ်ဟက်ဇ်ဘိုလာအဖွဲ့ နဲ့ အစ္စရေးတို့ဟာ နယ်စပ်ဖြတ်ပြီး နေ့စဥ်ပစ်ခတ်နေကြချိန်မှာ ခုလို တိုက်ခိုက်မှုဟာ လက်ဘနွန်ကို ထိပ်တိုက်ရင်ဆိုင်မှုအဆင့်သစ်ထဲပါလာအောင် ရည်ရွယ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG